မန္တလေးမြို့၊ နိုဝင်ဘာလ (၁၂)ရက်
ယနေ့ 12.11.2012 တွင် မန်းလေးမြို့ မဟာအောင်မြေ ကျောက်မျက်ဈေး တွင် မနက် ၉ နာရီခွဲ အချိန်က ပိုက်ဆံ ၅ သိန်း ခိုးယူသည့် ဟု ဆိုကာ 14 နှစ်အရွယ်ကလေးတစ်ယောက် ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြစ်ပွားခဲ့ပါသည်။ဖြစ်ပွားပုံမှာ မောင်ငြိမ်း (ဘ)ဦးလှ အသက် 14 နှစ် က ကျောက်မျက်ဈေးအရှေဘက် (အချပ်ဝိုင်း) တွင် ပလက်စတစ် ကောက်နေစဉ် . တရုတ်နိုင်ငံ ကွမ်းကျိုးပြည်နယ် နေMR. ဇောင်းရိုစ်မ်(န်)လိန်းစ်အသက် ၂၉ နှစ်. ဆိုသူမှ ပိုက်ဆံ ၅ သိန်း ခိုးယူသည့် ဟု ဆိုကာ လက်သီးဖြင့်ထိုးခဲ့ပါသည်။ထို့သို့ လက်သီးနှင့်ထိုးသဖြင့်တာဝန်ရှိသူများက. ကျောက်မျက်ဈေးအကျိုးဆောင်ရုံးခန်းသို့ ပို့ဆောင်ပြီး..ညှိနိုင်းဖြေရှင်းပေးခဲ့ကြောင်းသိရှိရပါသည်။နောက်ဆုံး ကြားသိသော သတင်းအရ.. MR. ဇောင်းရိုစ်မ်(န်)လိန်းစ် က နစ်နာကြေး နှစ်သိန်းပေးမည် ဟုသိရှိရပါသည်။
No comments:
Post a Comment