Pages
Home
CJM အကြောင်း
Health
Cartoon
CJM on Facebook
CJMyanmar မှ ပန်ကြားလွှာ
CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Friday, September 21, 2012
ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ချီတက်ပွဲ ပြုလုပ်နေသည်ကို ယနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်က တွေ့ရစဉ်။
သတင်း နှင့် ဓာတ်ပုံ -
CJM-192
Friday, September 21,2012
ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ချီတက်ပွဲ ပြုလုပ်နေသည်ကို ယနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်က တွေ့ရစဉ်။
In commemoration of International Day of Peace, the peaceful protest march seen around 12pm - CJM 192
၂၀.၉.၂၀၁၂ ခုနှစ် ထုတ် ရတနာပုံသတင်းစာမှာ ရွှေသံလွင်ကြော်ငြာအချပ်ပိုတွင် Sim Card အခမဲ့ရပြီး ဖုန်းခေါ်ဆိုခ သက်သက်သာသာ နဲ့ ဖုန်းကိုင်ဆောင်နိင်ရေးသည် နိင်ငံသားတိုင်း၏ လူ့အခွင့်ရေးဆိုင်ရာ ရပိုင်ခွင့်ဖြစ်သည်ဟု တွေ့ခဲ့ရပါတယ်
သတင်း နှင့် ဓာတ်ပုံ -
CJM-027
Thursday, September 19,2012
၂၀.၉.၂၀၁၂ ခုနှစ် ထုတ် ရတနာပုံသတင်းစာမှာ ရွှေသံလွင်ကြော်ငြာအချပ်ပိုတွင် Sim Card အခမဲ့ရပြီး ဖုန်းခေါ်ဆိုခ သက်သက်သာသာ နဲ့ ဖုန်းကိုင်ဆောင်နိင်ရေးသည် နိင်ငံသားတိုင်း၏ လူ့အခွင့်ရေးဆိုင်ရာ ရပိုင်ခွင့်ဖြစ်သည်ဟု တွေ့ခဲ့ရပါတယ်။
DYNA ပလက်ဖေါင်းကျော်ကာအိမ်အုတ်တံတိုင်း တိုက်မိ
Thursday, September 19,2012
မန္တလေးမြို့၊ ၇၈လမ်း၊ လမ်း၄၀ နှင့် ၄၁ ကြား ရှိ ဘီးတန်းရပ် တွင် ယနေ့ နေ့လည် ၁နာရီ ၄၀မိနစ်ခန့်တွင် DYNA ကားတစ်စီး မြောက်ဖက်မှ တောင်ဖက်သို့ မောင်းလာစဉ် မြန်မာ့စီးပွားရေးကော်ပိုရေ
းရှင်း ဓာတ်ဆီဆိုင် နှင့် မျက်နှာချင်း ဆိုင် ရှိ ပလက်ဖေါင်းကို ကျော်တက်ကာ အိမ်အုတ်တံတိုင်းအား အရှိန်ပြင်းစွာ တိုက်မိပြီး၊ ထိုအိမ်ရှေ့တွင် အများသုံးဆက်သွယ်ရေး PCO ဖုန်းဆိုင်ဖွင့်ထားသော အသက်(၂၃)နှစ် အရွယ်ရှိ မဖြူဖြူအောင် ကိုတိုက်မိသဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ ဆေးကုသမှု ခံယူနေရကြောင်းနှင့် ထိုယာဉ်မောင်းအား မန္တလေး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း CJMyanmar မှသတင်း ရရှိသည်။
သတင်း နှင့် ဓါတ်ပုံ #CJM - 1717
စစ်ပွဲတွေရပ်ဖို့ အတွက် မန္တလေးတွင် ပါဖောမန့် အနုပညာဖြင့် တကိုယ်တော်ဆန္ဒဖော်ထုတ်နေသူ ပန်းချီဆရာစူးမြင့်သိန်းအား တွေ့ရစဉ်....
Thursday, September 19,2012
မန္တလေးမြို့။ စက်တင်ဘာလ(၂၀)ရက် နေ့တွင် ဆရာစူးမြင့်သိန်း မှ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး
နေ့ အကြို တစ်ကိုယ်တော် ပါဖော့မန့် ပြကွက်ကို နံနက် (၁၀)နာရီတွင် ၃၈လမ်း၊ ၆၉လမ်း ရှိ အလင်းတံခါးပန်းချီ၊ပန်းပု ပြခန်းမှ စတင်၍ လမ်းလျှောက်ပါဖော့မန့် ပြခဲ့ပြီး၊ ၈၄လမ်း ၊ ၂၉ x ၃၀ လမ်း အရောက်တွင် ပါ့ဖော့မန့် ပြနေသော ဆရာစူးမြင့်သိန်း အား အရပ်ဝတ်ရဲများမှ ကားနံပါတ်(၂ခ/
၃၂၂၀) မီနီလိုက်ထရပ်အဖြူရောင်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ သတင်း၊ ဓာတ်ပုံ - သတင်း နှင့် ဓါတ်ပုံ #CJM-1717
လေထိုးကျွတ်ဖာဆိုင် တစ်ဆိုင်တွင် အလုပ်လုပ်နေသော လုပ်သားတစ်ဦးနှင့် လေအိုးတွင်ကပ်ထားသော မြန်မာနိုင်ငံအလံကို တွေ့ရစဉ်
Wednesday, September19 ,2012
ရန်ကုန် စက်တင်ဘာ ၁၉
လေထိုးကျွတ်ဖာဆိုင် တစ်ဆိုင်တွင် အလုပ်လုပ်နေသော လုပ်သားတစ်ဦးနှင့် လေအိုးတွင်ကပ်ထားသော မြန်မာနိုင်ငံအလံကို တွေ့ရစဉ်
၂၀၀၃ခုနှစ်က မတရားဖမ်းဆီးခံခဲ့ရသော ဦးရွှေထူးပြန်လည်လွတ်မြောက်
Tuesday, September18 ,2012
၂၀၀၃ ခုနှစ်က လေသေနတ်အပျက်တစ်လက် အိမ်မှာတွေ့ရှိရာမှ ဖောက်ခွဲရေးပုဒ်မများနှင့် ဖမ်းဆီးခံခဲ့ရသော ဦးရွှေထူးဟာ မနေ့ည ၉း၃၀ တွင် မန္တလေးမြို့သို့ပြန်လည်ရော
က်ရှိလာပြီဖြစ်ပါတယ်။ဦးရွှေ
ထူးဟာ တောင်ကြီး တောင်၎လုံးထောင်မှာ ၉နှစ်ကျော်ကြာနေထိုင်ခဲ့ရသူ
တစ်ဦးဖြစ်ပါတယ်။အခုဦးရွှေထ
ူးဟာ တောင်ကြီးထောင်မှလွတ်မြောက်
လာပြီး နောက် မြန်မာပြည်နိင်ငံရေးအခြေအနေ
များကို အရင်စောင့်ကြည့်မယ်လို့လည်း
သိရပါတယ်။ထို့နောက် ဦးရွှေထူးကို CJ Myanmar မှမေးမြန်းရာတွင် "အခုချိန်တော့ ချက်ချင်းဘာမှလုပ်နိင်သေးဘူ
း အသက်လည်းရနေပြီဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါနိင်တော့ဘူး ၊ NLD ပါတီဝင်အဖြစ် မှတ်ပုံတင်လျှောက်ထားမယ်လို
့" ပြောကြားသွားခဲ့ပါတယ်။
သတင်း နှင့် ဓါတ်ပုံ #
CJ 027
လိုင်စင်ပြုလုပ်မည့်လိုင်စင်မဲ့ဆိုင်ကယ်လမ်းပိတ်ဆို့သည်အထိများပြား
Tuesday, September18 ,2012
မန္တလေး စက်တင်ဘာ ၁၈
လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးနေသည့်
၆၆-လမ်းနဲ့ ၂၉-လမ်းထောင့်ရှိ ယခင် ရဲသိပ္ပံကွင်းမှသည်
ဆိုင်ကယ်လိုင်စင်ပြုလုပ်မည်
့ ဆိုင်ကယ်များသည်
၂၉-လမ်းအတိုင်း အရှေ့ဘက်ကို တန်းစီကြရာမှ
အောင်တော်မူဘုရား ဘေးမှဖြတ်ကာ ၆၂-လမ်းအထိရောက်နေပြီး
တောင်ဘက်လမ်း-၃၀ မီးပွိုင့်ကိုပင် ကျော်လွန်လာသည်ကိုတွေ့ရသည်။
ညနေပိုင်းတွင် ၂၉လမ်းတောင်ဘက်၆၃လမ်းပေါ်တွင
်လည်း
တန်းစီလျက်ရှိသည်။
ထိုသို့ လိုင်စင်မဲ့ ဆိုင်ကယ်များတန်းစီကြရာတွင်
ကြီးကြပ်ပေးနိုင်မှု
အားနည်းခြင်းကြောင့် ယခုအခါ ကျောင်းသွားသူများ၊
လမ်းသွားလမ်းလာများနှင့် ရပ်ကွက်နေပြည်သူများ
လမ်းပိတ်ဆို့မှုများဖြင့် ဒုက္ခရောက်လျှက် ရှိနေကြကြောင်း
CJMyanmar မှ သတင်းရရှိသည်။
Myanmar Winery & Disllery Co,Ltd (MWDC) စက်ရုံရှေ့တွင် အလုပ်သမား(၁၃)ဦးမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်
Tuesday, September18 ,2012
18.9.2012 မန္တလေးမြို့၊ ၅၂ လမ်း နှင့် ၅၃လမ်းကြား ၊ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)၊ Myanmar Winery & Disllery Co,Ltd (MWDC) စက်ရုံရှေ့တွင် အလုပ်သမား(၁၃)ဦးမှ အလုပ်သမားများအား ထပ်မံလျော့ချထုတ်ပယ်ခြင်းမြ
ပုလုပ်ရေး၊အလုပ်သမားအခွင့်အ
ရေးအပြည့်အ၀ရရှိရေးအခြေခံအလ
ုပ်သမားအဖွဲ့အစည်းမှအလုပ်သမ
ားများအားပြန် လည်ခန့်ထားရေး အတွက်ဆန္ဒပြခဲ့ကြသည်။
သတင်း နှင့် ဓါတ်ပုံ #CJM 1717
နိုင်ငံရေး အကျဉ်းသားများ၏ထောင်တွင်းဖြတ်သန်းမှုအတွေ့အကြုံများကို ရှင်းလင်းတင်ပြခြင်းအခမ်းအနား
သတင်း နှင့် ဓာတ်ပုံ -
CJM-1717
Monday. September17, 2012
17.9.2012 ရက်နေ့တွင် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများ၏ထောင်တွင်းဖြ
တ်သန်းမှုအတွေ့အကြုံများကို ရှင်းလင်းတင်ပြခြင်းအခမ်းအန
ား အစီအစဉ်ကို. ယနေ့ 18.9.2012 ညနေ ၄နာရီတွင် ၇၈ လမ်း ၃၀-၃၁ လမ်းကြားရှိ မင်းသီဟ အအေးဆိုင်တွင်ကျင်းပခဲ့ပါသည
်။
"လားရှိုးထောင်တွင် ၀မ်းရောဂါဖြစ်ပွားခဲ့"
Monday. September17,2012
လားရှိုးထောင်တွင် လွန်ခဲ့သော တစ်ပတ်အတွင်း ၀မ်းရောဂါဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့မှ CJ တစ်ဦးက သတင်းပေးပို့သည်။ ၀မ်းရောဂါသည် အမျိုးသမီးအကျဉ်းကျများတွင်သာ အဖြစ်များခဲ့ကြောင်းသိရပြီး လူနာအချို့အား ဆေးရုံတင်ခဲ့ရကြောင်းနှင့် သေဆုံးမှုမရှိကြောင်း သိရသည်။ ယခုအခါ ၀မ်းရောဂါ ဆက်လက်ဖြစ်ပွားမှုမရှိတော့ကြောင်
းလည်း နောက်ဆက်တွဲသိရပါသည်။
by CJMyanmar, (17.9.2012)
မန်း အိုးဘိုထောင်မှ လွတ်မြောက်မှု မြင်ကွင်းများ
September 17, 2012
Prisoners released from Oe Boe Prison in Mandalay.
စတင်လွတ်မြောက်လာစဉ်။
Just as the prisoners were released
လွတ်မြောက်လာသူများ
Freed prisoners
လွတ်မြောက်လာသူများ
Freed prisoners
NLD အမတ် ဦးမင်းသူ (ယခင် အိုးဘိုထောင်မှ နိုင်ငံရေး အကျဉ်းသားဟောင်း) လာရောက်ကြိုဆိုအားပေးစဉ်။
NLD Representative to the Hluttaw U Min Thu (former political prisoner at Oe Bo Prison) came to greet the freed prisoners.
ဆရာတော် ဦးဝီရသူ (ယခင် အိုးဘိုထောင်မှ နိုင်ငံရေး အကျဉ်းသားဟောင်း) မှ လွတ်မြောက် လာသူများကို နှုတ်ဆက် အားပေးစဉ်။
Sayardaw U Wiyathu (former political prisoner at Oe Bo Prison) greeting the freed prisoners
လွတ်မြောက်လာသူများ
Freed Prisoners
မိသားစုဆုံတွေ့စဉ်
A family together again
အတည်မပြုနိုင်သေးသောသတင်းတရပ်အရ မန္တလေး အိုးဘိုထောင်မှ အကျဉ်းသား (၄၆)ဦးလွတ်မြောက်မည်ဖြစ်ကြောင်းသိရှိရသည်။
Monday, September17 ,2012
မန္တလေး စက်တင်ဘာ ၁၇
အတည်မပြုနိုင်သေးသောသတင်းတရပ်အရ မန္တလေး အိုးဘိုထောင်မှ
ှ အကျဉ်းသား (၄၆)ဦးလွတ်မြောက်မည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ လွတ်မြောက်မည့်သူများထဲတွင် ၂၀၀၃ ခုနှစ်
ကျောက်ဆည် ဘာသာရေး အဓိကရုန်းကြောင့်
အကျဉ်းကျနေသူ ၂၉ ဦးပါဝင်ကြောင်းသိရသည်။
Mandalay, September 17, 2012
A not yet confirmed news said that there will be a total of 46 prisoners being released from Oe Bo Prison in Mandalay. Those prisoners also include 29 people imprisoned for 2003 Kyauk Sae religious clashes.
အိုးဘိုထောင်ရှေ့ တွင် လွတ်မြောက်လာမည့် သူများအား စောင့်ဆိုင်းနေသူများကိုတွေ့ရစဉ်
Monday, September17,2012
မန္တလေး စက်တင်ဘာ ၁၇ ည(၇း၀၀)နာရီ
နိုင်ငံတော် သမ္မတ က အကျဉ်းသား ၅၁၄ ဦးအားလွတ်ငြိမ်းချမ်းသာခွင
့်ပြုခဲ့ရာ မန္တလေး အိုးဘိုထောင်ရှေ့ တွင်
လွတ်မြောက်လာမည့် သူများအား စောင့်ဆိုင်းနေသူများကိုတွေ
့ရစဉ်။
(ယခုအချိန်ထိ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရသည်။)
Mandalay, September 17, 7:00PM
Waiting for the release of the prisoners in front of Oh Bo Prison, Mandalay. The President has granted presidential pardon to 514 prisoners.
(Currently, no one has been freed yet.)
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)