September 21 Mandalay
စက်တင်ဘာ (၂၁)ရက်နေ့၊ မန္တလေးမြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို တောင်သမန်အင်းစောင်း အနောက်ဖက်ကမ်းတွင် ညနေ (၃)နာရီအချိန်မှ စတင် ကျင်းပခဲ့သည်။ အခမ်းအနားကို ငြိမ်းချမ်းရေး သီချင်းများနှင့်စတင်ဖွင့်လှစ်ခဲ့ပြီး ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)၊ ကဗျာဆရာ မောင်နွေထက်၊ ကဗျာဆရာ မောင်နီဦးတို့မှ ငြိမ်းချမ်းရေး ကဗျာများ ရွတ်ဆိုခဲ့ကြပြီး မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းတန်မှ ငြိမ်းချမ်းရေး အမှတ်တရစကားပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားတွင် စာရေးဆရာငြိမ်းအေးအိမ်မှ စိမ်းရောင်စို Activities အား အလှူငွေကျပ် ၁သိန်း၂သောင်းပေးအပ်လှူဒါန်းရာ ဆရာငြိမ်းအေးအိမ်ကိုယ်စား သဘာဝမြန်မာဓာတ်ပုံမဂ္ဂဇင်း ဖန်တီးမှုအယ်ဒီတာ ကိုသူရိန်မှပေးအပ်ရာ စိမ်းရောင်စို Activities ဥက္ကဌ ဆရာ မောင်တင်သစ်မှ လက်ခံရယူခဲ့သည်။ ညနေ ၅နာရီခွဲ ၀န်းကျင်တွင် တောင်သမန် အင်းထဲရှိ ကမ္ဘာကျော်ဦးပိန်တံတားပေါ်မှ ငြိမ်းချမ်းရေး အထိမ်းအမှတ် မိုးပျံပူပေါင်းများ စုပေါင်း လွှတ်တင်ကြပြီး အခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ကြသည်။
September 21's International Peace Day ceremony in Mandalay was held at the western bank of Taung Ta Man Lake at 3pm. The ceremony opened with peace songs, and poets Ko Lay (Innwa Gone Yi), Maung Nway Htet and Maung Ni Oo recited peace poems, while National League of Democracy Mandalay's Chairman U Thein Tan gave a speech for peace.
At International Peace Day ceremony, writer Sayar Nyein Aye Eain donated Ks. 1.2 lakhs to Sein Yaung So Activities, and on behalf of Sayar Nyein Aye Eain, Ko Thurein, Creation Editor of Tha Ba Wa Myanmar Photo Magazine handed over the donation and was accepted by Sayar Maung Thin Thit, Chairman of Sein Yaung So Activities. The ceremony ended with the releasing of peace balloons from world-famous U Bein Bridge in Taung Ta Man Lake at 5:30pm.
No comments:
Post a Comment