မန္တလေးမြို့၊အောက်တိုဘာလ (၁၂)ရက်
မန္တလေးသံဃာတော်များက မြန်မာနိုင်ငံတွင် OIC (အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) ရုံးခန်း လာရောက်ဖွင့်မည်ကို လုံးဝလက်မခံနိုင်ကြောင်း ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သည်။ ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို မန္တလေး ချမ်းမြသာစည် မြို့နယ်၊ ဦးပွားဆုတောင်းပြည့်ဘုရား ဝင်းအတွင်း စုရပ်နေရာမှ မွန်းလွဲပိုင်း တွင် စတင် စီတန်း လှည့်လည်ကာ ဦးပွားဘုရားမှ အနောက်သို့ စစ်ကိုင်း မန္တလေးလမ်း၊ ထိုမှ မြောက်ဖက် ၄၂ လမ်း အထိ၊ ၄၂ လမ်းမှ အရှေ့ဖက် ၇၈ လမ်းအထိ၊ ၇၈ လမ်း မှ တောင်ဖက်သို့ ဦးပွား ဂုံးကျော်ပေါ် တက်ပြီး ဦးပွားဆုတောင်းပြည့်ဘုရားတွင် ပြီးဆုံးသည်။ ဆန္ဒထုတ်ဖော်ရာ လမ်းတွင် သံဃာတော်များမှ “ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြ ပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဒို့မေတ္တာစွမ်း ကမ္ဘာလွမ်း ငြိမ်းချမ်းကြပါစေ” ဆိုသည့် သံပြိုင် မေတ္တာပို့ကို ရွတ်ဆိုကြပြီး OIC အလိုမရှိ၊ ရိုဟင်ဂျာ ဘေးကာကွယ်ရေး OIC ကို တိုက်ဖျက်ပေး၊ Not Allow Entering OIC စသည့် စာတန်းများကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ကြကြောင်း CJ Myanmar မှ သတင်း ရရှိသည်။
Today's afternoon, the monks residing in the city of Mandalay held a protest against the opening of the OIC Office in Myanmar. The protesters gathered at Oo Pwar Su Taung Pyae Pagoda in Chan Mya Tharzi Township, Mandalay, and started the protest walk Sagaing-Mandalay Rd. to the west, next 42nd St. to the north, later 78th St. to the east, and ended by going to the south back to the gathering point. Along the road, the monks were chanting, "May all beings be free of deceit. May all beings be free of contempt. May all beings be free of torture. May all beings be free of poverty. May our mitta spread throughout the word and the world be at peace", and protested peacefully by holding signs that proclaimed "We Don't Want OIC", "Destroy OIC to Prevent us from Rohingya Danger", and "Not Allow Entering OIC", CJ Myanmar reports.
No comments:
Post a Comment