September 21 ပြင်းမနား
ပျဉ်းမနားမြို့က ငြိမ်းချမ်းရေး
by CJMyanmar, (21.9.12)
(၂၁၊ ၉၊ ၂၀၁၂)နေ့က နိုင်ငံတကာငြိမ်းချမ်းရေးနေ့ (International Day of Peace သို့မဟုတ် World Peace Day)ပွဲ ကို ပျဉ်မနားမြို့မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။
(၂၁၊ ၉၊ ၂၀၁၂) နေ့လည် ၃း၃၀ နာရီက ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ပျားရည်လွင်ပြင် စားသောက်ဆိုင်မှာ ပျဉ်းမနားမြို့ခံ အလယ်ရိုးမ ခေတ်ပေါ်ကဗျာဝိုင်း၊ ပျဉ်းမနားရှေ့နေအသင်း၊ ဗကသများအဖွဲ့ချုပ်(နေပြည်တော်တိုင်း)တို့က ငြိမ်းချမ်းရေးပွဲကို ဦးဆောင်ကျင်းပတာဖြစ်တယ်။
ပျဉ်းမနားမြို့ခံမျိုးဆက်သစ် လူငယ်များက ကိုယ်တိုင်ရေးစပ်ထားတဲ့ ငြိမ်းချမ်းရေးသီချင်း၊
ပျဉ်းမနားရှေ့နေအသင်းသ၀ဏ်လွှာ၊
ဗကသများအဖွဲ့ချုပ်(ဗဟိုလုပ်ငန်းအဖွဲ့)သ၀ဏ်လွှာ၊
ကဗျာဆရာ မောင်ကြူးရင့်၊ အိုအောင်၊ ဒေါ်ခင်ဝင်း(NLD)တို့က ငြိမ်းချမ်းရေးကဗျာများ ရွတ်ဆိုခဲ့တယ်။
ဆရာ ဦးခင်မောင်ဇော် (ဇော်ဝင်းကို)က ငြိမ်းချမ်းရေးစကားပြောခဲ့တယ်။
ယင်းနောက် မြန်မာအပါအ၀င် တစ်ကမ္ဘာလုံးငြိမ်းချမ်းရေးအတွက် ၀တ်ပြုဆုတောင်းခဲ့ကြပါတယ်။
No comments:
Post a Comment