CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Thursday, October 11, 2012

"ပျဉ်းမနား ပုဂ္ဂလိကဆရာများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီးဟုဆို"

သတင်း နှင့် ဓာတ်ပုံ -  CJM-030
ပျဉ်းမနားမြို့၊အောက်တိုဘာ လ (၃)ရက်


(၃-၁၀-၂၀၁၂) က ပျဉ်းမနားမြို့တွင် ပုဂ္ဂလိကဆရာများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး မှတ်ပုံတင်လှုပ်ရှားမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့မှ ပုဂ္ဂလိကဆရာတစ်ဦးက CJMyanmar သို့ပြောကြားသည်။ ပျဉ်းမနား ပုဂ္ဂလိကဆရာများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ဆရာ(၅)ဦးသည် (၅-၁၀-၂၀၁၂) က ရန်ကုန်မြို့တွင် ကျင်းပပြီးစီးခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ပုဂ္ဂလိကဆရာများ Conference သို့လည်း တက်ရောက်ခဲ့သလို မြန်မာနိုင်ငံလုံးဆိုင်ရာ ပုဂ္ဂလိကဆရာများကွန်ယက်နှင့်လည်း ဆက်သွယ်ထားပြီး British Council နှင့်လည်း ချိတ်ဆက်ထားကာ လာမည့် နိုဝင်ဘာလထဲတွင် ပျဉ်းမနားမှ ပုဂ္ဂလိကဆရာများအား အဆင့်မြှင့် အင်္ဂလိပ်စာသင်တန်းတစ်ခုပေးရန် စီစဉ်နေသည်ဟုဆိုသည်။ ပျဉ်းမနား ပုဂ္ဂလိကဆရာများသမဂ္ဂအနေနှင့် ပျဉ်းမနားမှ ပုဂ္ဂလိကဆရာများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CJMyanmar သို့ပြောကြားခဲ့ပါသည်။

No comments:

Post a Comment