မန္တလေးမြို့၊အောက်တိုဘာ လ (၆)ရက်
အမျိုးသားစာပေဆုရ စာရေးဆရာ ဆူးငှက်ရဲ့ “တောင်မြောက်အရှေ့အနောက် ထောင့်မတ်မန္တလေး” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၂ခုနှစ် အောက်တိုဘာ (၆)ရက်၊ နေ့ခင်း (၂)နာရီအချိန်တွင် မန္တလေးမြို့ ၈၄ လမ်း၊ ၃၂x၃၃လမ်းကြားရှိ D&G Food Center တွင် ကျင်းပပြုလုပ်ခဲ့
ကြောင်းသိရှိရသည်။
အခမ်းအနားတွင် စာရေးဆရာ သင့်နော်မှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး ဆရာ ညီပုလေးနှင့် ဆရာ သိုက်ထွန်းသက်တို့က မုဒိတာစကားပြောကြားခဲ့ကြကာ ဆရာ ဆူးငှက်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
“တောင်မြောက်အရှေ့အနောက် ထောင့်မတ်မန္တလေး” စာအုပ်သည် မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်းပါ “မန္တလေး မျဉ်းဖြောင့်များ” ဆောင်းပါးများထဲမှ ဆောင်းပါးတစ်ချို့ကို စုပေါင်းထားခြင်းဖြစ်ကြောင်း ဆရာဆူးငှက်က ပြောကြားခဲ့သည်။
အဆိုပါစာအုပ်ကို အလင်းသစ်စာအုပ်တိုက်မှ ထုတ်ဝေခြင်းဖြစ်ပြီး ဆရာဆူးငှက်ရဲ့ (၂၁)အုပ်မြောက် စာအုပ်လည်းဖြစ်ကြောင်း CJ Myanmar မှ သိရှိရသည်။
No comments:
Post a Comment