CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, October 1, 2012

စိမ်းရောင်စို မန္တလေး - ရှိမ်းမကားခရီးစဉ်

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
September 31 Mandalay


မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် စိမ်းရောင်စို အစီအစဉ်ဖြင့် သွားရောက်မည့် မန္တလေး - ရှိမ်းမကားခရီးစဉ် ကို ယနေ့ စက်တင်ဘာ ၃၀ ရက် နံက် ၄ နာရီခွဲတွင် မန္တလေး ၃၅ လမ်းရှိ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာမည်ဟု ဖိတ်ကြားထားသည်။ ခရီးစဉ် အတွင်းတွင် ရှိမ်းမကားဘေးမဲ့တောကို လေ့လာခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမြင်ဖလှယ်ခြင်း၊ စာပေ၊ ပန်းချီ၊ ဓါတ်ပုံ ပညာရှင်များ၏ အနုပညာ ဖန်တီးတင်ဆက်ခြင်းများ ပါဝင်မည်ဟု သိရသည်။ သို့သော် ယနေ့ နံက်ပိုင်းကစတင်ကာ ယခုအချိန်ထိ မန္တလေးတွေ မိုးသည်းထန်းစွာ ရွာသွန်းနေသဖြင့် ခရီးစဉ်တွင် လိုက်ပါမည့်သူများ နံက် ၈ နာရီ ၄၅ မိနစ်တွင်မှ ဂေါဝိန်ဆိပ်ကမ်းမှ စတင် ထွက်ခွာသွားကြောင်း၊ CJMyanmar မှ သတင်းရရှိသည်။

No comments:

Post a Comment