CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, March 19, 2012

ရှေးယခင်ခေတ်က မန္တလေး မြို့တော်ဝန်ဟောင်း အုပ်ဂူ


မင်းတုန်းမင်းတရားကြီးလက်ထက် မြို့တော်ဝန် လေးဦး ခန့်အပ်ခဲ့တဲ့ထဲက ရွှေလှံဗိုလ် ကောလင်းမြို့စား ရွှေမြို့တော်ဝန်မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်ရဲ့ ဂူပြသာဒ်ပါ။ ၈၆ x ၈၇လမ်း၊ ၁၇ x ၁၈လမ်းကြား၊ အကွက်အမှတ် ၁၃၅၊ အောင်မြေသာဇံရပ်ကွက်၊ အောင်မြေသာဇံမြိုနယ်၊ ရွှေလှံဘုန်းကြီးကျောင်းနားမှာ ရှိပါတယ်။ မြို့တော်ဝန်ရဲ့ ဆွေတော်မျိုးတော်တွေ လွန်ခဲ့တဲ့ နှစ် (၂၀)ကျော်လောက်က နောက်ဆုံးလာရောက်ပြုပြင်သွားပါတယ်။ ဂူပြသာဒ်ပတ်လည်မှာ ဆွေတော်မျိုးတော်တွေရဲ့ ဂူ ၄လုံးရှိပြီး ယခုအခါမှာတော့ ဂူတစ်လုံးသာ ယိုယွင်းစွာ ကျန်ရှိပါတော့တယ်။






သတင်း၊ ဓာတ်ပုံ - ရဲဘော်သူရိန်

No comments:

Post a Comment