စည်သူနိုင်၊ ရဲဘော်သူရိန်
၁၉-မတ်-၂၀၁၂
မန္တလေးတိုင်းဒေသကြီး၊
ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်ရှိ သခင်ဖိုးလှကြီးလမ်း၊ ၆၈ လမ်းနှင့်
၆၉ လမ်းကြား၊ နန ရှိ သံရည်ကျိုစက်ရုံတွင် သံရည်ကျိုရန် ပစ္စည်းဟောင်းများကို
ထုခွဲဖျက်ဆီးရာမှ ပေါက်ကွဲမှုတစ်ရပ် ၁၉-၃-၂၀၁၂ ရက် ယနေ့ ၁၁ နာရီ ၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်ဝန်းကျင် ယောက်ျားလေးနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦးအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာစစ်အင်ဂျင်နီယာတပ်မှ ကျန်ရှိသည့် သံရည်ကျိုပစ္စည်းဟောင်းများကို ရှင်းလင်းရှာဖွေရာမှ စစ်ကျန်ဗုံးများကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ ၄င်းတို့မှာ ဒလက်ပါဗုံး၊ ဒလက် မပါ ဗုံးနှင့် ကျည်ဟောင်းများ စုစုပေါင်း ၂၀ လုံးခန့်ဖြစ်သည်။
စစ်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများ...
စစ်အင်ဂျင်နီယာတပ်မှ ဗျူဟာမှူးရောက်ရှိလာစဉ်...။
စစ်အင်ဂျင်နီယာတပ်မှ စစ်ဆေးမှု ပြုလုပ်ရန် ပစ္စည်းများသယ်လာ..။
စစ်အင်ဂျင်နီယာတပ်မှ မိုင်းရှာခွေး...။
ပွဲချင်းပြီး သေဆုံးသွားသော ရုပ်အလောင်းတစ်လောင်း...။
လောကပါလနာမှုကူညီရေးအသင်းမှ သေဆုံးသွားသော ရုပ်အလောင်းများကို သယ်ဆောင်နေစဉ်။
ရုပ်အလောင်းများကို သယ်ဆောင်သွားစဉ်။
ရှာဖွေရာမှ ထပ်မံတွေ့ရှိရသော ဗုံးနှင့် ကျည်အချို့...။

သံရည်ကျိုရန်
ပစ္စည်းဟောင်းများကို ကြိုတင်ဖြတ်တောက်ထုခွဲလေ့ရှိသည့်အတိုင်း
ဖြတ်တောက်ထုခွဲနေရာမှ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု
အခင်းဖြစ်ရာနေရာရှိ မျက်မြင်အချို့ကပြောသည်။
သက်ဆိုင်ရာခွင့်ပြုချက်ရသည်နှင့် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို လောကပါလ
နာမှုကူညီရေးအသင်းမှ အသင်းသားများက ကောက်ယူခဲ့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
(စည်သူနိုင်၊ ရဲဘော်သူရိန်)
စစ်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများ...
စစ်အင်ဂျင်နီယာတပ်မှ ဗျူဟာမှူးရောက်ရှိလာစဉ်...။
စစ်အင်ဂျင်နီယာတပ်မှ စစ်ဆေးမှု ပြုလုပ်ရန် ပစ္စည်းများသယ်လာ..။
စစ်အင်ဂျင်နီယာတပ်မှ မိုင်းရှာခွေး...။
ပွဲချင်းပြီး သေဆုံးသွားသော ရုပ်အလောင်းတစ်လောင်း...။
လောကပါလနာမှုကူညီရေးအသင်းမှ သေဆုံးသွားသော ရုပ်အလောင်းများကို သယ်ဆောင်နေစဉ်။
ရုပ်အလောင်းများကို သယ်ဆောင်သွားစဉ်။
ရှာဖွေရာမှ ထပ်မံတွေ့ရှိရသော ဗုံးနှင့် ကျည်အချို့...။
No comments:
Post a Comment