CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Tuesday, March 27, 2012

ကျောက်ပန်းတောင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးစဉ် မလာဖြစ်သော်လည်း ဟောပြောမည့် စင်မြင့်ကို ရွေးကောက်ပွဲ ပြီးသည် အထိထားမည်

သတင်း နှင့် ဓာတ်ပုံ - CJ Myanmar




၂၇-ရက်နေ့ ကျောက်ပန်းတောင်း- မကွေး ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်ကို ကျန်းမာရေး အခြေအနေကြောင့် ဖျက်သိမ်းလိုက်သည့် သတင်းအား ၂၅-ရက်နေ့ နေ့လည် ၂-နာရီဝန်းကျင်တွင် ကြားသိရကြောင်း ကျောက်ပန်းတောင်း မြို့ခံတစ်ဦးမှ CJMyanmar ကိုပြောကြားသည်။ ထိုသတင်း ကြားသိပြီးချင်း စည်းရုံးရေးခရီးစဉ်ကို စောင့်ဆိုင်းနေကြသော နယ်ခံများမှာ ဝမ်းနည်းမှုများ ဖြစ်ပေါ်ပြီး ကျောက်ပန်းတောင်း NLD ကိုယ်စားလှယ်လောင်း ဒေါက်တာ ဇော်မြင့်မောင်ပင် စိတ်ထိခိုက်ကာ မူးလဲသွားကြောင်း မြိုခံ NLD ပါတီဝင် တစ်ဦးမှ ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် အတွက် ကျန်းမာစေကြောင်း ဆုတောင်းပွဲကို ကျောက်ပန်းတောင်းမြို့ စေတီကြီး ဘုရား၌ ၂၆-ရက် ည ၇-နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူ ခြောက်သောင်းကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုတောင်းပွဲကို ယနေ့ ည ၇-နာရီတွင်လည်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ စည်းရုံးရေး ခရီစဉ် အတွင်း လူထုအား ဟောပြောမည့် စင်မြင့်ကိုလည်း ရွေးကောက်ပွဲ ပြီးသည်အထိ ဆက်လက် ထားရှိသွားမည် ဖြစ်ကြောင်းလည်း အဆိုပါ မြိုခံ NLD ပါတီဝင်မှ CJMyanmar ကို ပြောကြားသည်။

No comments:

Post a Comment