CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Thursday, March 22, 2012

၂၀၁၂ မန္တလေးသင်္ကြန်တွင် မန္တလေးလူရွှင်တော်များစုပေါင်း၍ သံချပ်အလှပြယာဉ် ထွက်မည်...။

သတင်းနှင့် ဓာတ်ပုံ - ရဲဘော်သူရိန်
(မတ်-၂၂၊ ကြာသပတေး)

မန္တလေးလူရွှင်တော်များစုပေါင်း၍ ၂၀၁၂ မန္တလေးသင်္ကြန်တွင် နှစ်ပေါင်း အတော်ကြာ ပိတ်ပင်ခံထားရသော သံချပ်များထိုးခြင်းဖြင့် မန္တလေးပြည်သူများကို လှည့်လည်ဖျော်ဖြေမည်ဖြစ်ကြောင်း လူရွှင်တော် ပါပါလေးမှ CJ Myanmar သို့ ပြောကြားလိုက်သည်။ သံချပ်အလှပြယာဉ်ဒီဇိုင်းကို မန္တလေးကာတွန်းဆရာများမှ ပါဝင်ဖျော်ဖြေမည့် လူရွှင်တော်များ၏ ကယ်ရီကေးချားရုပ်ပုံများဖြင့် အလှဆင်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေသော မြန်မာ့ရိုးရာသံချပ်ကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် သင်္ကြန်အကြိုနေ့ မတိုင်မီ ၃ရက် အလိုလောက်မှ စတင်လှည့်လည်ဖျော်ဖြေမည်ဖြစ်ပြီး ရရှိလာမည့် အလှူငွေများပေါ်မူတည်၍ သင်္ကြန် (၅) ရက်အတွင်း ဆက်လက်ဖျော်ဖြေနိုင်မည်ဖြစ်သည်။ မန္တလေးလူရွှင်တော်များသံချပ်အဖွဲ့အတွက် အလှူငွေများ ထည့်ဝင်လိုပါက ၃၉လမ်း၊ ၈၀x၈၁ကြားရှိ ပါပါလေးအငြိမ့်အိမ်တွင် လာရောက်ထည့်ဝင်နိုင်ကြောင်းလည်း သိရှိရသည်။ မန္တလေးလူရွှင်တော်များ သံချပ်အဖွဲ့သည် မတ်လ (၃)ရက်နေ့ အန်တီစု မန္တလေးစည်းရုံးရေးခရီးစဉ်မတိုင်မီကလည်း မြို့တွင်းသို့လှည့်လည်ကာ လှုံ့ဆော်ရေးသံချပ်များဖြင့် ပြည်သူလူထုကို ဖျော်ဖြေခဲ့ကြသေးသည်။ ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်တွင် နှစ်ပေါင်းအတော်ကြာ ပျောက်ကွယ်နေပြီဖြစ်သော သံချပ်အဖွဲ့များ ရန်ကုန်၊ မန္တလေးမြို့များတွင် ပြန်လည်ဖော်ထုတ် ဖျော်ဖြေကြရန် ပြင်ဆင်နေကြကြောင်းလည်း CJ Myanmar မှ သိရှိရပါသည်။
လူရွှင်တော် ပါပါလေးနှင့် အဖွဲ့
အန်တီစု၏ မန္တလေးစည်းရုံးရေးခရီးစဉ် မတိုင်မီ မြို့တွင်းသို့ လှည့်လည်ဖျော်ဖြေနေကြသော မန္တလေးလူရွှင်တော်များ သံချပ်အဖွဲ့

No comments:

Post a Comment