ဂရိတ်ဝေါလ်ဆိုတာ
မန္တလေးအခြေစိုက် တရုတ်အမျိုးသားတစ်ဦးပိုင်တဲ့ စီးပွားရေးလုပ်ငန်းစုပါ။ သူက
အရင် စစ်အစိုးရရဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ အလွန်ရင်းနီးတယ်။
ဧရာဝတီမြစ်အရွေ့ဘက်ကမ်း မန္တလေး-ဗန်းမော်ကားလမ်း မိုင်တိုင်
(62)အရှေ့က မောင်းကုန်းရွာနားမှာ အဲ့ဒီစက်ရုံစုရှိပါတယ်။ ပေါင်းသကြားစက်၊
အီသနောစက်အတွက် အနီးအနားမှာရှိတဲ့ ရွာနေပြည်ထိုင်
လယ်သမားတွေရဲ့ မြေဧကပေါင်းများစွာကို သိမ်းပြီး ကြံတွေစိုက်ခဲ့ပါတယ်။
မခံမရပ်နိုင်တဲ့ မြေအသိမ်းခံ ယာသမားတွေက တရားစွဲကြတော့
တရားစွဲတဲ့ မြေပိုင်ယာသမားတွေပဲ ထောင်ချခံကြရတယ်။ စက်ရုံများက ဓာတုစွန့်ပစ်ပစ္စည်းနဲ့ ရေအညစ်အကြေးတွေကို စက်ရုံအနောက်ဘက်မှာ
ရှိတဲ့ အလျားပေ ၁၀၀၀၊ အနံပေ ၇၀၀ ခန့် ကျယ်ဝန်းတဲ့ မလိုင်ချုံအင်းထဲမှာ
စုဆောင်းထားပြီး ကြံရာသီချိန်ဖြစ်တဲ့ ၁၀လပိုင်းကနေ ၆လပိုင်းအတွင်းမှာ
ဧရာဝတီမြစ်ထဲကို စွန့်ပစ်ပါတယ်။ အဲ့ဒီစက်ရုံတွေမှာ အလုပ်လုပ်တဲ့
တရုတ်ပညာရှင်ဆိုသူတွေ၊ တရုတ်အလုပ်သမားတွေကလည်း ၀န်ထမ်းမြန်မာအမျိုးသမီးတွေ
အနီးအနားရွာတွေက ကျေးလက်သူလေးတွေကို စော်ကားမော်ကားပြုလုပ်တာတွေလည်းရှိတယ်။
ပိုင်ရှင်ကိုယ်တိုင်က ၀န်ထမ်း ကျေးလက်သူလေးတွေကို
သီးသန့်ရွေးထုတ်ပြီး စာင့်ရှောက်သယောင်ယောင်...။
သူတို့လေးတွေဘ၀ကိုပဲ မြှင့်တင်ပေးသယောင်ယောင် မက်လုံးပေးပြီး
အနီးအနားခေါ်ထားတာမျိုးတွေလည်း ရှိတယ်။ မြန်မာပြည်က ရေကိုယူသည်။ မြေကို
ယူသည်။ သယံဇာတကို ယူသည်။ ပြီးတော့ လူကိုပါ
ယူသည်ဆိုတာမျိုးပါ။ မြန်မာပြည်ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ရေထဲကို အခုလို
ဓာတုစွန့်ပစ်ပစ္စည်းနဲ့ ရေအညစ်အကြေးတွေကို နှစ်ကာလများစွာကတည်းက
အတားအဆီးမရှိ စွန့်ပစ်နေတာပါ။
ဧရာဝတီမြစ်အတွင်းသို့ ရေဆိုးများစွန့်ပစ်နေပုံ
ဧရာဝတီမြစ်ထဲသို့ ရေဆိုးများ စီးဝင်သွားပုံ
ရေဆိုးစွန့်ပစ်ရာနေရာနားမှ ဂရိတ်ဝေါလ်ဟု ရေးထိုးထားသော စက်ရုံပိုင် စက်လှေတစ်စီး
ဂရိတ်ဝေါလ်စက်ရုံ
စက်ရုံအနောက်ဖက်မှ စွန့်ပစ်ရေဆိုးများ စုဆောင်းထားသော မလိုင်ချုံအင်းသတင်း၊ ဓာတ်ပုံ Tor Pido
No comments:
Post a Comment