CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, March 26, 2012

ONE TO ALL ပရဟိတ စုပေါင်းကူညီရေး ကွန်ယက် မန္တလေး၌ သွေးလှူဒါန်း

သတင်း နှင့် ဓာတ်ပုံ - CJ Myanmar... 


မန္တလေးမြို့ အခြေစိုက် "ONE TO ALL စုပေါင်း အင်အား (ပရဟိတ စုပေါင်း ကူညီရေး ကွန်ယက်)" မှ အသင်းသား အချို့သည် ၂၃.၃.၂၀၁၂ နေ့လည်ပိုင်း ၌ မန္တလေး၊ အထွေထွေ ရောဂါကု ဆေးရုံကြီး၊ အမျိုးသား သွေးလှူဘဏ်တွင် သွေးလိုအပ်နေသော ဝေဒနာရှင်များ အတွက် သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကာ အသင်း၏ လှုပ်ရှားမှု ပထမခြေလှမ်းအား စတင်ခဲ့ကြောင်း သတင်းရရှိသည်။ "ONE TO ALL စုပေါင်း အင်အား (ပရဟိတ စုပေါင်းကူညီရေး ကွန်ယက်)" အား ၁၂၊ ၂၊ ၂၀၁၂ ပြည်ထောင်စုနေ့တွင် စတင် မိတ်ဆက် စည်းဝေးခဲ့ပြီး ၁၃၊ ၂၊ ၂၀၁၂၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် အတည်ပြု တည်ထောင်ခဲ့ကြောင်း သိရသည်။ ယခုအခါ အဖွဲ့ဝင်အင်အား ၇၀ ကျော်နှင့် လည်ပတ်လျက်ရှိပြီး မန္တလေး ဖောင်တော်ဦး ဆရာတော်၊ အမရပူရ ဘ၀အလင်း ဆရာတော်တို့၏ သြ၀ါဒကို ခံယူကာ နာယကအဖြစ် ရှေ့နေကြီး ဦးအောင်မင်း (ဖုန်း - ၂၀၂၃၇၈၂)က ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယခုအခါ အသင်းတွင် (၁၀)ဦးေ က်ာမတီဖွဲ့စည်းထားပြီး အသင်း၏ လုပ်ငန်းစဉ်များကို အခါအားလျော်စွာ စုဝေးတိုင်ပင် လျက်ရှိကြောင်း သိရသည်။ အဖွဲ့ဝင် အသင်းသား တစ်ဦးလျှင် ၃၀၀၀ ကျပ် နှုန်းဖြင့် လစဉ် အလှူငွေ ကောက်ခံ စုစည်းလျက်ရှိပြီး လစဉ် အလှူငွေ ကောက်ခံခြင်းကို ၂၀၁၂၊ ဖေဖော်ဝါရီလက စတင်ခဲ့ကြောင်း သိရသည်။ အသင်းတွင် အဖွဲ့မ၀င်ဘဲ လာရောက် လှူဒါန်းမှုများကိုလည်း လက်ခံကြောင်း သိရသည်။ ယခုအခါ အဆိုပါ ပရဟိတ အသင်းသည် ကောက်ခံ စုစည်းရရှိသော အလှူငွေများနှင့် ဘေးဒုက္ခရောက်နေသူများကို ကူညီရန် အသင့်ဖြစ်နေသည်။ "ONE TO ALL စုပေါင်းအင်အား (ပရဟိတ စုပေါင်းကူညီရေး ကွန်ယက်)" နှင့် ဆက်သွယ်လိုသူများအနေဖြင့် - ဦးမြင့်ဝေဦး = ၀၂ ၆၂၀၆၉၊ ၀၉ ၂၀၁၇၃၈၂ ဦးဇော်မင်းဦး (အာကာမိုးဂက်စ်) = ၀၉ ၂၀၂၂၆၇၅ ဦးနေမင်းထိုက် = ၀၉ ၂၀၅၂၈၄၁ ရှေ့နေ ဦးမြတ်မင်းထွန်း (Unicef) = ၀၉ ၂၀၅၄၇၈၂ တို့ထံ ဆက်သွယ်လှူဒါန်း၊ အကူအညီ တောင်းခံနိုင်ကြောင်း သတင်းရရှိပါသည်။ "ONE TO ALL စုပေါင်းအင်အား (ပရဟိတ စုပေါင်းကူညီရေး ကွန်ယက်)"၏ Gmail လိပ်စာမှာ onetoall.mdy@gmail.com ဖြစ်ပြီး Facebook လိပ်စာမှာ https://www.facebook.com/profile.php?id=100003630423469 ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment