CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Tuesday, March 20, 2012

UnTied အဖွဲ့မှ ၅၀၀၀ တန် ဖုန်းလိုင်း အတွက် ဆွေးနွေးပွဲလုပ်မည်

သတင်း - မောင်လှ
၂၀-မတ်-၂၀၁၂

၅၀၀၀ ကျပ်တန် ဖုန်းလိုင်း ပေါ်ပေါက်လာဖို့ လှုပ်ရှားနေတဲ့ မန္တလေး အခြေစိုက် အဖွဲ့တစ်ခုဖြစ်တဲ့ UnTied အဖွဲ့ဟာ လာမည့် မတ်လ ၂၅-ရက်နေ့ နံနက် ၁၀-နာရီ အချိန်မှ စပြီး ဗေဒါသင်တန်းကျောင်းတွင် ၅၀၀၀ ကျပ်ထက် မပိုသော တန်ဖိုးနည်း ဖုန်းလိုင်း အမြန်ဆုံး ဖြစ်လာဖို့ ဝိုင်းဝန်းတောင်းဆိုကြပါစို့ အစီအစဉ်နှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပွဲ လုပ်မည် ဖြစ်ကြောင်းကို online ပေါ်မှာရော အပြင်နီးစပ်သူများကိုပါ ဖိတ်စာဖြင့် လိုက်လံ ဖိတ်ကြား လျှက်ရှိကြောင်း သိရပါတယ်။ ယင်းအဖွဲ့ကို ဦးဆောင်လှုပ်ရှားနေသူ၏ ဖခင်မှာ ယခင် အစိုးရ လက်ထက်က တရားရေး ညွှန်ကြားရေးမှူးဟောင်း တစ်ဦး ဖြစ်ပြီး ယခု အစိုးရလက်ထက်တွင်လည်း ပြည်သူလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ လက်အောက်၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ အဖွဲ့တွင် တာဝန်ထမ်းဆောင်ကြောင်း ယင်းဦးဆောင် လှုပ်ရှားသူ၏ ပြောကြားချက်အရ သိရပါသည်။ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်မည့် ဗေဒါသင်တန်းကျောင်းမှာ ရန်ကုန်-မန္တလေးကားလမ်းနှင့် ရတနာပုံတက္ကသိုလ်လမ်းထောင့် တွင်တည်ရှိကြောင်း သိရပါသည်။

No comments:

Post a Comment