CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, March 19, 2012

မန္တလေးမြို့ ပေါ်ရှိ ငွေလွဲလုပ်ငန်းကြီးတချို့ ခေတ္တရပ်နား


မန္တလေးမြို့ ပေါ်တွင်ရှိသော မြစ်ကြီးနားဖားကန့်  မူဆယ် ကျယ်ဂေါင်စသည့် ဒေသများနှင့် 
ချိတ်ဆက်ကာ ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်ပေးနေသော ပုဂ္ဂ္ဂလိက လုပ်ငန်းကြီးတချို့ လုပ်ငန်းများ ခေတ္တရပ်နားထားမည် ဖြစ်ကြောင်း မြို့ ခံကုန်သည် တဦးမှ ပြောသည်။ အနည်းဆုံး ၃ ရက်မှ တပတ်ခန့် ရပ်နားမည့်အကြောင်း အကြောင်းရင်းကို သေချာစွာမသိရသေးကြောင်း ၎င်း ကုန်သည်မှ ဆက်လက်ပြောကြားသည်။ ထိုငွေကြေး ၀န်ဆောင်မှုလုပ်ငန်းများမှာ သိန်းပေါင်းထောင်သောင်းချီ၍ ၀န်ဆောင်မှုပေးနေသော လုပ်ငန်းများဖြစ်ကြောင်း ယခုကဲ့ သို့  လုပ်ငန်းများ ခေတ္တရပ်နားထားသည့် အတွက် အခက်အခဲများတွေ့ ရကြောင်း ကုန်သည်အချို့ ထံမှကြားသိရပါသည်။
နောက်ဆက်တွဲ သတင်းရရှိချက်များအရ KBZ Bank ရဲ့ မူဆယ်ငွေလွှဲကိုလည်း ယခုလကုန်အထိ ပိတ်ထားကြောင်း သိရပါတယ်။

သတင်း - TeZa Hlaing
19-Mar-12

No comments:

Post a Comment