၂၆-မတ်-၂၀၁၂
မနက်ဖြန် (၂၇.၃.၂၀၁၂)ရက်နေ့တွင် ပြင်ဦးလွင်မြို့ ညံတောဘုရားကွင်းမှာ နိုင်ငံကျော် ဂီတနှင့်ရုပ်ရှင် အနုပညာရှင်များက ပြင်ဦးလွင်မြို့ရှိ မိဘပြည်သူများ စနစ်တကျ မဲပေးတက်စေရန် မဲပေးပုံ ပညာပေး သရုပ်ဖော် တစ်ခန်းရပ် ပြဇာတ်နှင့် တေးသီချင်းများကို Metal Zone တီးဝိုင်းနှင့်အတူ အခမဲ့ သီဆို ဖျော်ဖြေပေးမှာ ဖြစ်ပါတယ် ...
ညနေ လေးနာရီမှာ စတင်မှာဖြစ်ပြီး လူမင်း၊ ဝေဠုကျော်၊ ထွန်းအိန္ဒြာဗိုလ်၊ ရဲတိုက်၊ ၀ိုင်း၊ ချစ်သုဝေ၊ သျှီ၊ ကော်နီ၊ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ လင်းလင်း၊ သအို၊ ဂျီလတ်၊ အနဂ၊ စိုးထက်၊ ဖြိုးကြီး၊ သံသာဝင်း၊ ရှင်ဖုန်း၊ အိမ့်ချစ် တို့ ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ် .... ဒီပွဲကို NLD က ကြီးမှူး ကျင်းပတာ ဖြစ်ပြီးတော့ အရင်က လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်ဦးလွင် အတွက် သီးသန့် မိန့်ခွန်း ဗီဒီယိုဖိုင်ကို ပရိုဂျက်တာနဲ့ ပြသမယ်လို့ သတင်းရခဲ့ပေမယ့် အတိအကျတော့ မသိရသေးပါဘူး .... ပွဲခွင့်ပြုမိန့်ကိုလည်း ဒီညနေကျမှ အတိအကျ သိရတာဖြစ်ပါတယ် .... ...

No comments:
Post a Comment