မြန်မာပြည်ဟာ ရေ၊ မီး၊ မင်း၊ ခိုးသူ မချစ်မနှစ်သက်သောသူ ဆိုတဲ့ ရန်သူမျိုး ငါးပါးတလှည့်စီ နှိပ်စက်ခြင်း ခံနေရတဲ့ တိုင်းပြည်ပါ၊ ဒုတိယ အဆိုးရွားဆုံး ရန်သူကတော့ "မီး" ပါပဲ။ ခုတလော ခပ်စိတ်စိတ်လေး ကြားနေရတဲ့ မီးလောင်မှုတွေမှာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဝင်တွေ စေတနာ့ ဝန်ထမ်း အရန်မီးသတ်တွေဟာ မပြည့် စုံ မလုံလောက်တဲ့ ခေတ်မမှီတော့ တဲ့ ယာဉ်တွေ မီးသတ်ပစ္စည်းတွေကို သုံးပြီး လူတွေရဲ့ သောကမီး ဒုက္ခမီးတွေကို တတ်နိုင်သလောက် ကူညီငြိမ်းသတ်ပေး နေကြရပါတယ် ။
ဒါပေမယ့် ဒီလိုမပြည့် စုံတာကြောင့် အသက်နဲ့ ရင်းပြီး လုပ်ပိုင်နေရတဲ့ မီးသတ်တွေရော ပြည်သူတွေဘက်က ပါမလိုအပ်တဲ့ ဆုံးရှုံးမှုတွေ ပိုများလာပါတယ်။ ခေတ်မှီမီးသတ်တပ်ဖွဲ့ ဖြစ်ဖို့  မြို့လူထုရော သက်ဆိုင်ရာလူကြီးမင်းအပေါင်းကပါ ၀ိုင်းဝန်းဖို့ လိုပါတယ်။
ပုံမှာတွေ့ ကြရတဲ့ မီးသတ်ကားကတော့ အောင်မြေသာစံမြို့ နယ်ထဲက "ဃ" နံပါတ် Dennis အမျိုးအစားမီးသတ်ကားကြီးပါ။

သတင်းနှင့် ဓာတ်ပုံ - TeZa Hlaing

No comments:
Post a Comment