သတင်း၊ ဓာတ်ပုံ - ညီမင်းစံ
၂၂-မတ်-၂၀၁၂
မိုးတွင်းအခါ မုံရွာဘက်ကိုသွားရင် သတိပြုမိမှာ ရေကျော်တွေပဲဖြစ်ပါတယ်။ လမ်းပေါ် ရေကျော်နေတာကြောင့် လမ်းတွေ ပျက်စီးရတဲ့အပြင် တချို့ ရေကျော်များကတော့ ဆက်သွားလို့မရတော့ လောက်အောင် ရေစီးနှုန်း မြင့်ပါတယ်။ ဒီလို အခြေအနေမျိုး ဆိုရင် ကားကို စက်သပ်ထားပြီး အနီးအနားက လူတချို့ကို ဝိုင်းတွန်းစေလို့ ခရီးဆက်ရပါတယ်..။ ဒါလည်း အခြေအနေပေါ် မူတည်ပါတယ်..။ ကားနဲ့စွတ်ဖြတ်လို့ ကားပါ မျောတဲ့ အဖြစ်လည်း ရှိလေတော့ ရေကျော်ဖြတ်ရင် ဂရုစိုက်ရတယ်..။
မုံရွာသွားတဲ့ လမ်းပေါ် အဆိုးဆုံးလို့ ပြောလို့ရတဲ့ ရေကျော်တွေ ကိုတော့ ညောင်ပင်ဝန်းရွာနား တဝိုက်တွေ့ရပါတယ်..။ အခု လောလောဆယ်တော့ သတင်းကောင်း အနေနဲ့ အဲဒီရေကျော်ရှိတဲ့နေရာကို တံတားထိုးနေတာတွေ့ခဲ့ရပါတယ်..။



No comments:
Post a Comment