friday . September7, 2012
သမ္မတဦးသိန်းစိန်ထံလိပ်မူပြီး "လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့်ပတ် သက်၍
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ"အား ဆရာဝန် (၈ဝ)ဦးက လက်မှတ်ထိုး၍ ပေးပို့
by CJMyanmar, (28/August/2012)
၂၀၁၂ ခုနှစ်၊သြဂုတ်လ(၂၇)ရက်နေ့တွ င် ဆရာဝန်(၈ဝ)ဦးက လက်မှတ်များထိုးပြီး "လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့်ပတ် သက်၍
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ"အား သမ္မတဦးသိန်းစိန်ထံလိပ်မူပြီး ပေးပို့ခဲ့ကြောင်း ပေးပို့ခဲ့သည့် ဆရာဝန်တစ်ဦးက CJMyanmar သို့ပြောကြားသည်။
သဘောထားအနေဖြင့် (၅)ချက်ရှိပြီး တောင်းဆိုချက်အနေဖြင့် (၄)ချက်ပါဝင်သည်။
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များနှင့်အတူ အချက်ကြီး(၇)ချက်၊ အပိုဒ်ခွဲ (၂၅)ခုပါဝင်သော
"ခေတ်စနစ်နှင့်မလျော်ညီသော အလုပ်ဝင်ခွင့်ရွေးချယ်မှုပုံ စံများကြောင့် ဘွဲ့ရဆရာဝန်များ၏ တွေ့ကြုံခံစားနေရသော အခက်အခဲများ" စာပါ တစ်ပါတည်း ပေးပို့ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များအား
၁။ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန
၂။ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
၃။ ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ။
၎။ ဥက္ကဋ္ဌ၊ ကျန်းမာရေးမြှင့်တင်မှု ကော်မတီ
၅။ ဥက္ကဋ္ဌ၊ ပညာရေးမြှင့်တင်မှု ကော်မတီ
၆။ ဥက္ကဋ္ဌ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်ရေးဆိုင်ရာကော်မတီ
ဟူသည့် (၆)နေရာသို့လည်း မိတ္တူပေးပို့ခဲ့ကြောင်း သိရသည်။
To download PDF file of Myanmar Doctors' Right
http://minus.com/ m0VrPKgmU/
၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ (၁)ရက်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြီးမှူးကျင်းပမည့် လက်ထောက်ဆရာဝန်ဖြစ်ခွင့်အတွ က်
ဝင်ခွင့်စာမေးပွဲများကို နေပြည်တော်၌ စတင်ဖြေဆိုရမည်ဖြစ်ကာ
အဆိုပါဝင်ခွင့်စာမေးပွဲမှ လက်ထောက်ဆရာဝန်ဦးရေ (၁၅ဝဝ)
ခန့်ထားသွားမည်ဖြစ်ပြီး အလုပ်ရရန်နှစ်ချီစောင့်ဆိုင်းနေရသော ဆရာဝန်ဘွဲ့ရများ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ယခုနှစ် လက်ထောက်ဆရာဝန်ဝင်ခွင့်စာမေးပွဲများတွင်
ပထမအဆင့်အနေဖြင့် မြန်မာစာနှင့် အထွေထွေဗဟုသုတဘာသာများ၊
အင်္ဂလိပ်စာဘာသာများကို ဖြေဆိုရမည်ဖြစ်ပြီး ဒုတိယနှင့် တတိယအဆင့်အနေဖြင့်
စိတ်အခြေအနေစစ်ဆေးခြင်းနှင့်  လူတွေ့ နှုတ်ဖြေစစ်ဆေးခြင်းတို့ပါဝ င်မည်ဖြစ်ပါသည်။
"လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့်ပတ် သက်သော Facebook Group အချို့"
လ/ထ ဆရာဝန် ရွေးချယ်ခန့်ထားရေး by UCSB
https://www.facebook.com/ groups/as.selection/?ref=ts
ပြောင်းလဲစေလိုသည့် လက်ထောက်ဆရာဝန်ရွေးချယ်ခန့် ထားရေး
https://www.facebook.com/ groups/331623446928874/
"ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အင်တာနက်လိပ်စာ"
http://ucsb.imis.com.mm/
========================== ===========
"လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့်ပတ် သက်၍
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ"
၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ယခုရွေးချယ်စစ်ဆေးမှုသည် မဆလအစိုးရလက်ထက်တွင် အသုံးပြုခဲ့သော စနစ်ဖြစ်၍ ခေတ်နောက်ပြန်ဆွဲခြင်းတစ်မျိုးဟု ယုံကြည်ပါသည်။
၂။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ကျင်းပသော စာမေးပွဲ၏ရည်ရွယ်ချက်နှင့် ပွင့်လင်းမြင်သာမှုမှာ ပြည့်စုံ လုံလောက်မှုမရှိဟု ယုံကြည်ပါသည်။
၃။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ စစ်ဆေးရွေးချယ်သော စာမေးပွဲသည် ဆရာဝန်များနှင့် ကိုက်ညီမှုမရှိသည့် အတွက် ရှိရင်းစွဲလူ့စွမ်းအားအရင်း အမြစ်ကို အကောင်းဆုံးဖော်ထုတ် အသုံးချနိုင်မည်မဟုတ်ဟု ယုံကြည်ပါသည်။
၎။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ
ရွေးချယ်မှုသည် လက်ထောက်ဆရာဝန်အဖြစ် ကျန်းမာရေး စောင့်ရှောက်မှုပေးလိုသော
ဆရာဝန် (၃၀၀၀)ကျော်ရှိသည့်အနက် ကျန်းမာရေးဝန်ကြီးဌာနအတွက်
အမှန်တကယ်လိုအပ်သည့် လက်ထောက်ဆရာဝန်တစ်ဦး၏ အရည်အချင်းကို အပြည့်အဝ
ဖော်ထုတ်ပေးနိုင်ခြင်းမရှိဟု ယုံကြည်ပါသည်။
၅။ လက်ထောက်ဆရာဝန်ရွေးချယ်မှုတွ င်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စစ်ဆေးရွေးချယ်မှုကို မလိုလား သော်လည်း
ဝန်ထမ်းကောင်းတစ်ဦးဖြစ်ရန် လေ့ကျင့်သင်ကြားမှုကို ခံယူရန်ဆန္ဒများရှိကြပါသည်။
ထို့ကြောင့် -
၁။ လက်ထောက်ဆရာဝန်ရာထူးခန့်ထား ရေးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် သင့်လျော်သောရွေးချယ်မှုပုံစံဖြင့် တိုက်ရိုက်ရွေးချယ်ခန့်ထားေ ပးပါရန်။
၂။ ရွေးချယ်ခန့်ထားရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှသာ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးပါရန်။
၃။ အနာဂတ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လက်ထောက်ဆရာဝန်ခန့်ထားရေးနှ င့်ပတ်သက်၍ တိကျသော စီမံချက်များ၊ သတင်းထုတ်ပြန်ချက်များ၊ ကြိုတင်ပြုလုပ်ပေးပါရန်။
၎။ ဆေးပညာဘွဲ့ရဆရာဝန်တိုင်း စဉ်ဆက်မပြတ် ဆေးပညာသင်ကြားနိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင် ဆောင်ရွက်ပေးပါရန်။
========================== ===========
သို့
ဦးသိန်းစိန်
သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင် ငံတော်
နေပြည်တော်
ရက်စွဲ-၂၀၁၂ ခုနှစ်၊သြဂုတ်လ(၂၇)ရက်
အကြောင်းအရာ။ ။ ခေတ်စနစ်နှင့်မလျော်ညီသော အလုပ်ဝင်ခွင့်ရွေးချယ်မှုပုံ စံများကြောင့် ဘွဲ့ရဆရာဝန်များ၏ တွေ့ကြုံခံစားနေရသော အခက်အခဲများ။
၁။(က) ပြည်ထောင်စုမြန်မာနိုင်ငံတော် ယခင်တပ်မတော်အစိုးရလက်ထက်တွ င်
နိုင်ငံ့လူဦးရေနှင့် ဆရာဝန် အချိုးအစားကို ဒေသတွင်း
အာဆီယံနိုင်ငံများနှင့် တန်းတူညီမျှဖြစ်စေရန် ဆရာဝန်အရေအတွက် အား
တိုးမြှင့်မွေးထုတ်ခဲ့သည်။ ထိုသို့ တိုးမြှင့်မွေးထုတ်ခဲ့သော်လ ည်း နိုင်ငံတော်တာဝန် ထမ်းဆောင် ရန် ဆရာဝန်အလုပ်ခေါ်ခြင်း၊ ခန့်အပ်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်နိုင်ခြင်းမရှိသည့်အ တွက် ၂၀၀၉ ခုနှစ်မှစ၍ အလုပ်လက်မဲ့ဆရာဝန်ဦးရေ များပြားလာခဲ့ပါသည်။
(ခ) သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်ထောက်ပြမှု၊ ပြည်သူလူထု၏ တောင်းဆိုမှု၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဖော်ဆော င်မှု တစ်စိတ်တစ်ဒေသအဖြစ် ကျန်းမာရေးအသုံးစရိတ်တိုးမြှင့်ကာ အလုပ်လက်မဲ့ဆရာဝန်များ လျော့နည်းလာစေရန်လည်းကောင်း ၊ လူ့စွမ်းအားအရင်းအမြစ်များ အလဟဿမဖြစ်စေရန်အလို့ငှာ ဆရာဝန်များ အလုပ်ခန့်ထားခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
(ဂ) လွန်ခဲ့သော ၁၀ စုနှစ်ကျော်ကာလအတွင်း၌ လက်ထောက်ဆရာဝန် ခန့်ထားရေးတွင် ကျန်းမာရေး ၀န်ကြီးဌာနမှ တိုက်ရိုက်ခေါ်ယူခန့်အပ်ခဲ့ေ သ်ာလည်း ၂၀၁၁-ခုနှစ်စက်တင်ဘာလမှစ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တစ်ဆင့် ခေါ်ယူခန့်အပ်ခဲ့ပါသည်။ ၂၀၁၁-ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် လက်ထောက် ဆရာဝန် (၅၀၀) ကို ရွေးချယ်ခေါ်ယူခန့်အပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင် အလုပ်ဝင်ရောက်နိုင်ခဲ့ပါသည် ။ ယခု ၂၀၁၂ ခုအတွင်းမှာပင် လက်ထောက်ဆရာဝန် (၁၅၀၀) ထပ်မံရွေးချယ်ခန့်ထားရန် ၂-၇-၂၀၁၂ တွင် နိုင်ငံပိုင်သတင်းစာများမှတ ဆင့် ကြော်ငြာ ခေါ်ယူခဲ့သည်ကို တွေ့ရပြီး သာမန်အားဖြင့် လက်ထောက်ဆရာဝန်ဖြစ်လိုသော လူငယ်ဆရာဝန်များ ကျေနပ်နှစ်သက်ကြသည်ကို သိရှိရပါသည်။
၂။ (က) သို့ရာတွင် ယခုကဲ့သို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တဆင့် ဆရာဝန်များ အလုပ်ခေါ်ယူခန့်အပ်ခြင်း များကို အသေးစိတ်လေ့လာကြည့်လျှင် ၀င်ရောက်ဖြေဆိုသူဆရာဝန်များ ၊ အများပြည်သူများ၏ အမြင်တွင် ဝေဖန်ဆန်းစစ်စရာများ၊ ၀ိဝါဒကွဲပြားစရာများနှင့် မေးခွန်းထုတ်စရာများ ရှိနေသည်ကို တွေ့ရပါသည်။
(ခ) ပထမအကြိမ် လ/ ထဆရာဝန် (၅၀၀) ခေါ်ယူရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ လူတွေ့စစ်ဆေး မေးမြန်းခြင်းဖြင့် ရွေးချယ်ခဲ့ရာ ၀င်ရောက်ဖြေဆိုခဲ့သူများနှင့် လေ့လာသူများတွင် ဝေဖန်စရာထောက်ပြ စရာများနှင့် မကျေနပ်မှုများ ရှိခဲ့ပါသည်။
(ဂ) လူတွေ့မေးမြန်းစစ်ဆေးရာတွင် လည်း အဓိကသက်ဆိုင်သော ကျန်းမာရေးဝန်ကြီးဌာနမှ အနည်းငယ်သာ မေးမြန်းခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ မေးမြန်းခဲ့သောမေးခွန်းအချို့မှာ ဖြေဆိုသူဆရာဝန်များနှင့် လုံးဝမအပ်စပ်သော မေးခွန်းများမေးခဲ့ခြင်းကို တွေ့ရပါသည်။ ဥပမာ-တံတားတစ်ခု၏အရှည်ကို ပေဖြင့်အတိအကျမေးခြင်း၊ လမ်းအရှည်ကိုမိုင်ဖြင့်အတိအ ကျ မေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲမတိုင် မီကာလဖြစ်၍ ကမ္ဘာသိအတိုက်အခံပါတီခေါင်းေ ဆာင် အမျိုးသမီး၏ ဂုဏ်သိက္ခာကို ထိပါးစေသော Leading Question များမေးခြင်း။
(ဃ) ရွေးချယ်ခံရသူများနှင့် ရွေးချယ်မခံရသူများအကြား သတ်မှတ်ထားသောစံနှုန်းမရှိခြ င်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း ၊ တိကျသေချာသော မူဝါဒကျင့်သုံးခဲ့ခြင်းမရှိ ခဲ့မှုတို့ကြောင့်၊ ရွေးချယ်မခံရသူများအချို့များစွာ ထိခိုက်နစ်နာခဲ့ရပါသည်။
(င) ထို့ပြင် တပ်မတော်အရာရှိများ ဌာနဆိုင်ရာအကြီးအကဲများနှင့်  နီးစပ်ပတ်သက်သော ဆရာဝန် အများစု ရွေးချယ်ခံရခြင်းနှင့် ဆေးကျောင်းများတွင် ထူးချွန်ထက်မြက်ခဲ့သူအချို့
ရွေးချယ်မှု မခံရခြင်းတို့ကြောင့် ''ဘက်လိုက်မှုများ၊ အဂတိလိုက်စားမှုများ
ရှိနိုင်သည်''ဟူသော သတင်းများ ထွက်ပေါ်လာစေပြီး ၀င်ရောက်ဖြေဆိုခဲ့သူများနှင့် အများပြည်သူတို့၏ သံသယကိုတိုးပွားစေခဲ့ပါသည်။
ဥပမာ-ဆေးတက္ကသိုလ်တွင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သူတစ်ဦးကို
နိုင်ငံခြားမသွားဘဲ ပြည်တွင်း တွင်သာ တာဝန်ထမ်းဆောင်ရန် သြ၀ါဒပေးပြီး
ရွေးချယ်မှုမပြုခဲ့ခြင်း၊ စိတ်အခြေအနေပုံမှန် မဟုတ်သောဆရာဝန်တစ်ဦးအား
အလုပ်ခန့်အပ်ခဲ့ပြီး ယခုအခါ ထိုဆရာဝန်အား တာဝန်မှ ရပ်နားထားသည်ဟု
ကြားသိရပါသည်။
၃။ ထိုသို့ အများဝေဖန်မှုများရှိသဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ယခုတစ်ကြိမ်တွင်ရွေးချယ်ရေး ပုံစံကို ပြောင်းလဲခဲ့သော်လည်း ၀င်ရောက်ဖြေဆိုရမည့်သူများနှင့် လေ့လာသူအချို့က အရင်တစ်ကြိမ်ထက် ပိုမိုဆိုးရွားသော စနစ်တစ်ခုအဖြစ်သုံးသပ်ကြပါသ ည်။
(က) ယခုအကြိမ်ခေါ်ယူရာတွင် ယခင်လူတွေ့စစ်ဆေးခြင်းနှင့် အဆင်မပြေခဲ့သော ဆရာဝန်များအတွက် ရေးဖြေစာမေးပွဲများ ပါဝင်လာပြီး ထိုစာမေးပွဲများသည် လက်ထောက်ဆရာဝန်ကောင်းတစ်ဦး၏
အရည်အချင်းကို တိုင်းတာရာတွင် သင့်တင့်လျောက်ပတ်မှု အရှိဆုံးပုံစံမဟုတ်ဘဲ
ရှေးယခင်အစိုးရများ (မဆလ၊ န၀တ) လက်ထက်များတွင် ကျင့်သုံးခဲ့သော
စနစ်ဟောင်းပုံစံ ဖြစ်နေခြင်းမှာ ပြုပြင်ပြောင်းလဲတိုးတက်ရေး ကို ဖော်ဆောင်နေသော လက်ရှိအစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပါသည်။
(ခ) ထိုရေး/ ဖြေစာမေးပွဲတွင်
မြန်မာစာ၊အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များ ပါဝင်ပါသည်။
ပြည်ထောင်စုရာထူးဝင်အဖွဲ့မှ ဖြေဆိုမည့်သူများကြိုတင်လေ့ လာနိုင်ရန် ထုတ်ပြန် ထားသောမေးခွန်းဟောင်းပုံစံများအရ မေးမြန်းထားသောအကြောင်းအရာများမှာ ခေတ်နှင့်
လျော်ညီမှုရှိ/ မရှိ၊ ဆရာဝန်တစ်ယောက်၏အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်းနှင့် ကိုက်ညီမှု ရှိ/မရှိ ဆန်းစစ်စရာ များစွာရှိနေပါသည်။
ဥပမာ - အထွေထွေဗဟုသုတဟူသောခေါင်းစဥ်ဖြင့် မေးမြန်းသောမေးခွန်းပုံစံတွ င်
ပါဝင်သော အကြောင်းအရာအများစုမှာ သင့်လျော်မျှတမှုမရှိသော၊
သဘာဝမကျသောမေးခွန်းများဟု ယူဆကြပါသည်။ သမ္မတကြီး၏မိန့်ခွန်းများ၊
နိုင်ငံတော်အကြီးအကဲများ၏မိ န့်ခွန်းများကို သုံးသပ်ခိုင်းခြင်းမျိုးမဟု တ်ဘဲ
အလွတ်ဖြေဆိုခိုင်းခြင်းမှာ အင်မတန်သဘာဝမကျသော မေးခွန်းများဖြစ်ပါသည်။
သမ္မတမိန့်ခွန်းဆိုသည်မှာ ပြောသူရော၊ သုံးသပ်သူများပါ အလွတ်ပြောဆိုခြင်း၊
ရေးသားခြင်း မပြုကောင်းပါ။(သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်
မိန့်ခွန်းပြောကြားရာတွင် လိုအပ်သောအချက်အလက်များကို
စာရွက်များကြည့်ပြောခြင်း၊ လွှတ်တော်အမတ်များ အကြောင်းအရာတင်ပြလိုလျှင်
စာရွက်များကြည့်၍ တင်ပြခြင်းမှာ သဘာဝကျပါသည်။)
(ဂ) ယခုမျိုးဆက်ဆရာဝန်များသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုသောခေတ်၊ သတင်းမီဒီယာ လွတ်လပ်မှုမရှိသောခေတ်များတွ င် ကြီးပြင်းလာခဲ့ရသူများဖြစ်ပါသည်။ ထိုသူများကို နိုင်ငံတကာ၏ နိုင်ငံရေးများအကြောင်း၊ ခေါင်းဆောင်များအကြောင်းကို ခုနှစ်သက္ကရာဇ်အတိအကျဖြင့် ဖြေဆိုခိုင်းခြင်းမှာ ''လသား ကလေးငယ်ကို ပြောင်းဆန်ထမင်းကျွေးနေသကဲ့ သို့''ရှိပါသည်။
(ဃ) လက်ထောက်ဆရာဝန်တစ်ဦးအတွက် နိုင်ငံတကာပထ၀ီအနေအထားထက် လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံ အနေအထားကိုသိနေဖို့က ပို၍အရေးကြီးပါသည်။ သမိုင်းဖြစ်စဉ်မှတ်တမ်းများ ကို အလွတ်ရနေခြင်းထက် လူ့ခန္ဓာကိုယ်၏ဇီဝကမ္မဖြစ်စဉ် များကို မှတ်မိနေရန် ပို၍အရေးကြီးပါသည်။
၎။(က) ဆရာဝန်တစ်ဦးသည် မိမိအသက်မွေးဝမ်းကြောင်းမှုအ တွက် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ ထို့ကြောင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ စာမေးပွဲကို မဖြစ်မနေဖြေဆိုရန်မလိုသော်လ ည်း ၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၆၆(က)တွင် ''နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့် အညီ ပညာသင်ကြားပိုင်ခွင့်ရှိသည် '' ဟူသော ပြဌာန်းချက်အရ စဉ်ဆက်မပြတ် ဆေးပညာများ ဆက်လက်သင်ကြားနိုင်ရန်မှာ အစိုးရလက်ထောက်ဆရာဝန်ဖြစ်မှ သာလျှင် ဖြစ်နိုင်ပါသည်။
(ခ) ရွေးချယ်ခြင်းမခံရသော ဆရာဝန်များသည် ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်မည့် အခွင့်အရေး မရှိသည့်အတွက် M.B.,B.S ဘ၀နှင့်သာ အဆုံးသတ်ရမည်လော ဟု မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါသည်။
(ဂ) ရွေးချယ်မခံရသော်လည်း ငွေကြေးတတ်နိုင်သောမိဘများ၏
သားသမီးဆရာဝန်များသည် ပြည်ပနိုင်ငံများရှိ ဘွဲ့လွန်စာမေးပွဲများကို
ဝင်ရောက်ဖြေဆိုနေကြသည်ကို တွေ့ရပါသည်။ (ဥပမာ- MRC exam, AMC, USMLE)
ထိုဆရာဝန်များသည် ပြည်ပတွင်ပညာသင်ကြားပြီး ပြည်ပတွင်သာ
အခြေပြုနေထိုင်သွားခဲ့လျှင်
ဆရာဝန်တစ်ယောက်ဖြစ်အောင် မွေးထုတ်ပေးခဲ့သော မိခင်နိုင်ငံအနေဖြင့်
တန်ဖိုးရှိသော လူ့စွမ်းအားအရင်းမြစ်များ ဆုံးရှုံးခြင်းဟု မှတ်ယူနိုင်ပါသည်။
(ဃ) အစိုးရ၀န်ထမ်းမဟုတ်သောဆရာဝန်များသည် ပြင်ပတွင် ဆေးကုသခွင့်ရှိသော်လည်း နိုင်ငံတော်၏ ဦးတည်ချက်(၁၂)ရပ်တွင်ပါဝင်ေ သာ ''တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး''
ဟူသော ဦးတည်ချက် ပြည့်စုံရန်မှာ တိုင်းပြည်အခြေအနေအရ Private Sector
များထက် Government/Public Sector များက ပိုမိုအရေးကြီးသည်ကို
သတိပြုသင့်ပါသည်။ (ဥပမာ-ပြည်တွင်းတွင် ပုဂ္ဂလိကဆေးရုံများစွာ
ပေါ်ပေါက်လာခဲ့သော်လည်း ပြည်သူအများစုတို့သည် ထိုဆေးရုံများတွင် ကုသရန်
ငွေကြေးပြည့်စုံမှုမရှိပါ။)
(င) ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက် ကသာမြို့၊ ကုတင်(၁၀၀)ဆံ့ဆေးရုံကြီးတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ လက်ရှိပြည်တွင်းဆရာဝန်ဦးရေမှာ ၂၆၀၀၀ ခန့်ရှိပြီး ထိုဆရာဝန်ဦးရေ၏ သုံးပုံနှစ်ပုံသာ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ခန့်ထားနိုင်ခဲ့ခြင်းတို့ြေ ကာင့်
ဆရာဝန်နှင့် လူနာအချိုးအစားမှာ (၁း၃၀၀၀)ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။
ထိုအချက်ကိုကြည့်လျှင် ရှိရင်းစွဲ တန်ဖိုးရှိလှစွာသော
လူ့စွမ်းအားအရင်းအမြစ်များကို အပြည့်အ၀အသုံးမချနိုင်ခဲ့ခြ င်းကြောင့် ''တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး'' ဦးတည်ချက်ကို မှေးမှိန်စေပါသည်။
၅။(က) လူ့စွမ်းအားအရင်းအမြစ်များကို ကောင်းစွာအသုံးမချနိုင်သဖြင့် အခြေအနေအရ လက်ထောက် ဆရာဝန်ဦးရေကို (၁၅၀၀)သာ ခေါ်ယူနိုင်ခြင်းကို အများကလက်ခံနိုင်ကြသော်လည်း
ပြီးခဲ့သည့် ၁၀ စုနှစ်ကျော် ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ
လက်ထောက်ဆရာဝန်များ တိုက်ရိုက် ခန့်အပ်ခဲ့ခြင်းကို ပြောင်းလဲ၍
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တဆင့် ရွေးချယ်ခန့်အပ်ခြင်း မှာ မည်သို့မျှမသင့်လျော်ပါ။
(ခ) ဆရာဝန်များသည် ယနေ့မျက်မှောက်ခေတ် ပြည်တွင်း၊ ပြည်ပပြောင်းလဲမှုဖြစ်စဉ်များတွင် ပါဝင်သိရှိရမည်မှန်သော်လည်း လက်ထောက်ဆရာဝန်တစ်ဦး၏ အဓိကလိုအပ်ချက်မှာ အများပြည်သူ
ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ ဆရာဝန်ကျင့်ဝတ်နှင့်အညီ နိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို တိုးတက်ကောင်းမွန်လာအောင် ကြံဆောင်ရေးတို့သာဖြစ်ပါသည် ။
(ဂ) ပြည်ထောင်စုရာထူးဝန်အဖွဲ့အေ နဖြင့်
ဆရာဝန်များထံမှ မည်သည့် အရည်အချင်းများကို လိုချင်၍ ယခုစာမေးပွဲကို
ကျင်းပခြင်းဖြစ်ကြောင်း အသေးစိတ်ထုတ်ပြန်ရန်နှင့် အများပြည်သူသိစေရန်
ကြော်ငြာခြင်းများ ပြုလုပ်သင့်ပါသည်။ ထို့ပြင် တရားမျှတ၍
ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းသင့်ပါသည်။
(ဃ) ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဆက်လက်တိုးချဲ့သွားမည့် လူထုကျန်းမာရေးလုပ်ငန်းစဉ်များ
နှင့် ပတ်သက်သည့်အစီအစဉ်များ၊ ရည်မှန်းချက်များ အနာဂတ်အလုပ်လက်မဲ့ဆရာဝန်
နည်းပါးစေရေး ဦးတည်ချက်များ၊ ကျန်းမာရေး အသုံးစရိတ်လိုအပ်မှုများကို
ပြည်သူအားလုံး သိရှိစေရန် အသိပေးကြော်ငြာသင့်ပါသည်။ အရွေးချယ်မခံရသော
ဆရာဝန်များအနေဖြင့် နောက်တစ်ကြိမ်တွင် မည်ကဲ့သို့သောအရည်အချင်းများနှင့် ပြည့်စုံစေရန်ပြင်ဆင်ထားရမည်၊ မည်သည့်အချိန်တွင် နောက်တစ်ကြိမ်ခေါ်ယူမည်၊ လူဦးရေမည်မျှခေါ်ယူမည်ကို ကြိုတင်၍ တိကျသေချာစွာ ထုတ်ပြန်ပေးသင့်ပါသည်။
၆။(က) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၂၁)အပိုဒ်ခွဲ(၂)မှာဆိုလျှင်
လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန်
တူညီသည့်အခွင့်အရေးရှိသည်။ အပိုဒ်(၂၃)အပိုဒ် ခွဲ(၁)အရ လူတိုင်းတွင်
အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို
လွတ်လပ်စွာ ရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော
အလုပ်ခွင်၏အခြေအနေကိုရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း ၊
အခွင့်အရေးရှိသည်ဟု ဖော်ပြထားသောကြောင့် လက်ထောက် ဆရာဝန်ဖြစ်ခွင့်မရသော
ဆရာဝန်များ၏ဘ၀သည် လူ့အခွင့်အရေးကို အပြည့်အ၀မရသောဘ၀များ ဖြစ်နေပါသည်။
(ခ) ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်
''ပုဒ်မ (၂၅) နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင် များ၏အကျိုးကို
ကူညီဆောင်ရွက်မည်၊ ပုဒ်မ(၂၈-က) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့်
ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည်၊ ပုဒ်မ(၃၁)
နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှ
ကူညီဆောင်ရွက် ရမည်၊ ပုဒ်မ(၂၁-က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ
အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု
အခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်'' ဟူ၍
ဖော်ပြထားသောကြောင့် ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။
၇။ (က) ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သော လက်ထောက် ဆရာဝန်များ၏ အရည်အချင်းကို အဓိကသက်ဆိုင်သော ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး မစစ်ဆေးဘဲ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဦးဆောင်စစ်ဆေးခန့်အပ်ခြင်းမှာ ခေတ်နှင့် မလျော်ညီသောစနစ်တစ်ခုဟု ယုံကြည်ပါသည်။
(ခ) ဆရာဝန်ဖြစ်ထိုက်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ (ဆမ)လက်မှတ်အပ်နှင်းထားပြီး ဖြစ်သော ဆရာဝန်များမှ မိမိနိုင်ငံအတွက် တာဝန်ထမ်းဆောင်လိုသောကြောင့်  အလုပ်လျှောက်ထားရာတွင် ယခင်ကအတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှသာ တိုက်ရိုက်ခေါ်ယူခန့်အပ်ခြင်းကိုသာ လိုလားပါသည်။ စနစ်ကျသောတရားမျှတသည့်မူမရှိဘဲ ရွေးချယ်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ၀င်ခွင့်စာမေးပွဲ များကြောင့် သမ္မတကြီးဦးသိန်းစိန်၏ Clean Government မှာ မေးခွန်းထုတ်စရာဖြစ်လာ နိုင်ပါသည်။
(ဂ) ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ယခုပုံစံမျိုးဖြင့် ရွေးချယ်မှုများကို ဆက်လက်ပြုလုပ်နေမည်ဆိုလျှင်
နိုင်ငံအပေါ် စေတနာထားပြီး လက်ထောက်ဆရာဝန်အနေဖြင့် ၀န်ထမ်းဖြစ်လိုသော
ဆရာဝန်များကို လည်း စိတ်ဓါတ်ပျက်ပြားစေပြီး တန်ဖိုးရှိသည့်
လူ့စွမ်းအားအရင်းအမြစ်များလ ည်း
ဆုံးရှုံးယုတ်လျော့ သွားစေနိုင်ပါသည်။ သမ္မတကြီးဦးသိန်းစိန်၏
အစိုးရသစ်လက်ထက်တွင် အပေါင်းလက္ခဏာ ဆောင်သော တိုးတက်ပြောင်းလဲမှုများစွာ
ဖြစ်ထွန်းလာသော်လည်း ကျောင်းပြီးစ ဆရာဝန်များ၏ဘ၀များသည်
ယခင်အစိုးရလက်ထက်ကထက်ပင် ပိုမိုဆိုးရွားသောစနစ်နှင့်
ကြုံတွေ့နေရသည်ကို သမ္မတကြီး၊ ဆရာဝန်ဖြစ်သော ဒုတိယသမ္မတကြီး၊
အဓိကသက်ဆိုင်သော ကျန်းမာရေးဝန်ကြီးဌာနမှ အထူးတလည် ပြုပြင်ပေးစေလိုပါသည်။
တရားဥပေဒစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်အမတ်မင်းများအနေဖြင့် လက်ထောက်ဆရာဝန်အဖြစ် တာဝန် ထမ်းဆောင်လိုသောဆရာဝန်များအ တွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေသော အကျိုးမရှိသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၀င်ခွင့်စာမေးပွဲများနှင့်ပ တ်သက်ပြီး
သဘောထားတိုက်ဆိုင်သော အချက်များရှိပါက လွှတ်တော်အတွင်း တင်ပြဆွေးနွေးပြီး
အရေးတယူဆောင်ရွက်ပေးစေလို ပါကြောင်း ဆန္ဒပြုလိုက်ရပါသည်။
========================== =
"လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့်ပတ် သက်၍
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ" အား ထောက်ခံလက်မှတ်ရေးထိုးသော ဆရာဝန်ဦးရေ (၂၆၀)ကျော်သွားပြီဖြစ်ကြောင်းသိရ
by CJMyanmar, (7/September/2012)
သမ္မတဦးသိန်းစိန်ထံလိပ်မူပြီး "လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့်ပတ် သက်၍
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ"အား ဆရာဝန် (၈ဝ)ဦးက လက်မှတ်ထိုး၍ ပေးပို့သတင်း၏ နောက်ဆက်တွဲအဖြစ် အဆိုပါ ကနဦး ဆရာဝန်(၈၀)ဦးတွင် ပါဝင်ခဲ့သည့်ဆရာဝန်တစ်ဦးက CJMyanmar သို့ စာဖြင့်-
"၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထွန်းမြင့်အောင်(ဆံပင်ရှ ည်၊နှုတ်ခမ်းမွေးနှင့်
ပုဂ္ဂိုလ်) နှင့် ကျနော်တို့ ဆရာဝန်လူငယ်အဖွဲ့ဝင်အချို့ ရဲ့ လက်ဖက်ရည်ဆိုင်
စကားဝိုင်း အမှတ်တရ ပုံလေးတစ်ခုပါ။ တစ်ဆက်တည်း အသိပေးလိုတာကတော့
ကျနော်တို့ဟာ မည်သည့် ပါတီဝင်မှ မဟုတ်သလို မည်သည့်
အဖွဲ့အစည်း၊မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ခေါင်းစဉ်အောက်တွင်မျှ ရှိမနေပဲ ကျနော်တို့ရဲ့ ရသင့်တဲ့ အခွင့်အရေး၊တောင်းဆိုပိုင်ခွင့်နှင့်
ဆက်လျဉ်းသော အကြောင်းအရာများကိုသာ ဆွေးနွေးခဲ့ပါသည်။ထို့ပြင်
ကျနော်တို့သက်ဆိုင်သော ကိစ္စရပ်များတွင် မူ NLD ဖြစ်စေ၊USDP ဖြစ်စေ၊၈၈
မျိုးဆက်များဖြစ်စေ၊ဆရာဝန် အကြီးအကဲများနှင့်ဖြစ်စေ
ဆွေးနွေးတိုင်ပင်ခြင်း၊အကြံ ဥာဏ်များ ဝေဖန်မှုများ ရယူခြင်း၊ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခြင်းများပြုလုပ်ခဲ့ ပါသည်။မိမိတို့နှင့်သက်ဆို င်သော အရေးများတွင် တတ်နိုင်သမျှ ပါဝင်ခြင်း၊အကြံပေးခြင်းများပြုလုပ်ကြဖို့ သူငယ်ချင်းအပေါင်း ၊ဆရာ အပေါင်းတို့အား ဖိတ်ခေါ်အပ်ပါသည်"
ဟု ဆက်သွယ်ပြောကြားလာပါသည်။
ကနဦးတွင် ဆရာဝန် (၈၀)ဦး၏ ဆမနံပတ်နှင့် လက်မှတ်များပူးတွဲ၍ သမ္မတဦးသိန်းစိန်နှင့်
၁။ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန
၂။ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
၃။ ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ။
၎။ ဥက္ကဋ္ဌ၊ ကျန်းမာရေးမြှင့်တင်မှု ကော်မတီ
၅။ ဥက္ကဋ္ဌ၊ ပညာရေးမြှင့်တင်မှု ကော်မတီ
၆။ ဥက္ကဋ္ဌ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်ရေးဆိုင်ရာကော်မတီ
ဟူသည့် (၆)နေရာသို့လည်း "သဘောထားနှင့် တောင်းဆိုချက်များ" မိတ္တူပေးပို့ ပေးပို့ခဲ့ပြီးနောက် ထပ်မံ၍ "သဘောထားနှင့် တောင်းဆိုချက်များ" ကို ထောက်ခံသူ ဆရာဝန်များ၏ လက်မှတ်များ စုဆောင်းနေရာ ယခုအခါ နောက်ထပ် ဆရာဝန်ဦးရေ (၁၈၀)ဦးကျော်၏ ထောက်ခံလက်မှတ်များ(ဆမနံပတ် နှင့်တကွ)ရရှိထားပြီးဖြစ်၍ စုစုပေါင်း အဆိုအား ထောက်ခံသူ ဆရာဝန်ဦးရေ (၂၆၀)ကျော်သွားပြီဖြစ်ကြောင်း CJMyanmar ထံ ဆက်သွယ်ပြောကြားလာသော အထက်ပါ ဆရာဝန်ထံမှ သတင်းရရှိသည်။
(၂၀၁၂ ခုနှစ်၊ စက်တင်ဘာ (၁)နှင့်(၂)ရက်များက ပထမအဆင့်အနေဖြင့် ရေးဖြေ ဖြေဆိုပြီးနောက်တွင် ဒုတိယနှင့် တတိယအဆင့်အနေဖြင့် စိတ်အခြေအနေစစ်ဆေးခြင်းနှင့်  လူတွေ့ နှုတ်ဖြေစစ်ဆေးခြင်းများကို လည်း ရေးဖြေအောင်သူများ ဖြေဆိုရဦးမည်ဖြစ်ကြောင်း သိရသည်။
ယခု လက်ထောက်ဆရာဝန်ဖြစ်ခွင့်စာေ မးပွဲသို့
ဘွဲ့ရအလုပ်လက်မဲ့ ဆရာဝန်ဦးရေ သုံးထောင်ကျော် ပါဝင်ဖြေဆိုခဲ့ပြီး
ဦးရေ(၁၅၀၀)ကိုသာ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ရွေးချယ်အလုပ်ခန့်မည်ဟု
ဆိုပါသည်။)
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ"အား ဆရာဝန် (၈ဝ)ဦးက လက်မှတ်ထိုး၍ ပေးပို့
by CJMyanmar, (28/August/2012)
၂၀၁၂ ခုနှစ်၊သြဂုတ်လ(၂၇)ရက်နေ့တွ
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ"အား သမ္မတဦးသိန်းစိန်ထံလိပ်မူပြီ
သဘောထားအနေဖြင့် (၅)ချက်ရှိပြီး တောင်းဆိုချက်အနေဖြင့် (၄)ချက်ပါဝင်သည်။
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များနှင့်အတူ အချက်ကြီး(၇)ချက်၊ အပိုဒ်ခွဲ (၂၅)ခုပါဝင်သော
"ခေတ်စနစ်နှင့်မလျော်ညီသော အလုပ်ဝင်ခွင့်ရွေးချယ်မှုပုံ
ထို့ပြင် ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များအား
၁။ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန
၂။ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
၃။ ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့်တည
၎။ ဥက္ကဋ္ဌ၊ ကျန်းမာရေးမြှင့်တင်မှု ကော်မတီ
၅။ ဥက္ကဋ္ဌ၊ ပညာရေးမြှင့်တင်မှု ကော်မတီ
၆။ ဥက္ကဋ္ဌ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင
ဟူသည့် (၆)နေရာသို့လည်း မိတ္တူပေးပို့ခဲ့ကြောင်း သိရသည်။
To download PDF file of Myanmar Doctors' Right
http://minus.com/
၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ (၁)ရက်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြီးမှူးကျင်းပမည့် လက်ထောက်ဆရာဝန်ဖြစ်ခွင့်အတွ
ယခုနှစ် လက်ထောက်ဆရာဝန်ဝင်ခွင့်စာမေ
"လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့်ပတ်
လ/ထ ဆရာဝန် ရွေးချယ်ခန့်ထားရေး by UCSB
https://www.facebook.com/
ပြောင်းလဲစေလိုသည့် လက်ထောက်ဆရာဝန်ရွေးချယ်ခန့်
https://www.facebook.com/
"ပြည်ထောင်စုရာထူးဝန်အဖွဲ့၏
http://ucsb.imis.com.mm/
==========================
"လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့်ပတ်
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ"
၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ
၂။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ
၃။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ
၎။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ
၅။ လက်ထောက်ဆရာဝန်ရွေးချယ်မှုတွ
ထို့ကြောင့် -
၁။ လက်ထောက်ဆရာဝန်ရာထူးခန့်ထား
၂။ ရွေးချယ်ခန့်ထားရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှသာ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးပါရန်။
၃။ အနာဂတ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လက်ထောက်ဆရာဝန်ခန့်ထားရေးနှ
၎။ ဆေးပညာဘွဲ့ရဆရာဝန်တိုင်း စဉ်ဆက်မပြတ် ဆေးပညာသင်ကြားနိုင်ရေးအတွက်
==========================
သို့
ဦးသိန်းစိန်
သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်
နေပြည်တော်
ရက်စွဲ-၂၀၁၂ ခုနှစ်၊သြဂုတ်လ(၂၇)ရက်
အကြောင်းအရာ။ ။ ခေတ်စနစ်နှင့်မလျော်ညီသော အလုပ်ဝင်ခွင့်ရွေးချယ်မှုပုံ
၁။(က) ပြည်ထောင်စုမြန်မာနိုင်ငံတေ
(ခ) သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်ထောက်ပြမှု၊ ပြည်သူလူထု၏ တောင်းဆိုမှု၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဖော်ဆော
(ဂ) လွန်ခဲ့သော ၁၀ စုနှစ်ကျော်ကာလအတွင်း၌ လက်ထောက်ဆရာဝန် ခန့်ထားရေးတွင် ကျန်းမာရေး ၀န်ကြီးဌာနမှ တိုက်ရိုက်ခေါ်ယူခန့်အပ်ခဲ့ေ
၂။ (က) သို့ရာတွင် ယခုကဲ့သို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ
(ခ) ပထမအကြိမ် လ/
(ဂ) လူတွေ့မေးမြန်းစစ်ဆေးရာတွင်
(ဃ) ရွေးချယ်ခံရသူများနှင့် ရွေးချယ်မခံရသူများအကြား သတ်မှတ်ထားသောစံနှုန်းမရှိခြ
(င) ထို့ပြင် တပ်မတော်အရာရှိများ ဌာနဆိုင်ရာအကြီးအကဲများနှင်
၃။ ထိုသို့ အများဝေဖန်မှုများရှိသဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ
(က) ယခုအကြိမ်ခေါ်ယူရာတွင် ယခင်လူတွေ့စစ်ဆေးခြင်းနှင့်
(ခ) ထိုရေး/
လျော်ညီမှုရှိ/
ဥပမာ - အထွေထွေဗဟုသုတဟူသောခေါင်းစဥ
(ဂ) ယခုမျိုးဆက်ဆရာဝန်များသည် ပါတီနိုင်ငံရေးကင်းရှင်းရမည
(ဃ) လက်ထောက်ဆရာဝန်တစ်ဦးအတွက် နိုင်ငံတကာပထ၀ီအနေအထားထက် လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံ အနေအထားကိုသိနေဖို့က ပို၍အရေးကြီးပါသည်။ သမိုင်းဖြစ်စဉ်မှတ်တမ်းများ
၎။(က) ဆရာဝန်တစ်ဦးသည် မိမိအသက်မွေးဝမ်းကြောင်းမှုအ
(ခ) ရွေးချယ်ခြင်းမခံရသော ဆရာဝန်များသည် ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်မည့် အခွင့်အရေး မရှိသည့်အတွက် M.B.,B.S ဘ၀နှင့်သာ အဆုံးသတ်ရမည်လော ဟု မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါသည်။
(ဂ) ရွေးချယ်မခံရသော်လည်း ငွေကြေးတတ်နိုင်သောမိဘများ၏
(ဃ) အစိုးရ၀န်ထမ်းမဟုတ်သောဆရာဝန
(င) ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက် ကသာမြို့၊ ကုတင်(၁၀၀)ဆံ့ဆေးရုံကြီးတွင
၅။(က) လူ့စွမ်းအားအရင်းအမြစ်များက
(ခ) ဆရာဝန်များသည် ယနေ့မျက်မှောက်ခေတ် ပြည်တွင်း၊ ပြည်ပပြောင်းလဲမှုဖြစ်စဉ်မျာ
ကျန်းမာရေးစောင့်ရှောက်မှုပေ
(ဂ) ပြည်ထောင်စုရာထူးဝန်အဖွဲ့အေ
(ဃ) ကျန်းမာရေးဝန်ကြီးဌာနအနေဖြင
၆။(က) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၂၁)အပိုဒ်ခွဲ(၂)မှာဆ
(ခ) ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေ
၇။ (က) ကျန်းမာရေးဝန်ကြီးဌာနအောက်တ
(ခ) ဆရာဝန်ဖြစ်ထိုက်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ (ဆမ)လက်မှတ်အပ်နှင်းထားပြီး
(ဂ) ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ
==========================
"လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့်ပတ်
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ" အား ထောက်ခံလက်မှတ်ရေးထိုးသော ဆရာဝန်ဦးရေ (၂၆၀)ကျော်သွားပြီဖြစ်ကြောင
by CJMyanmar, (7/September/2012)
သမ္မတဦးသိန်းစိန်ထံလိပ်မူပြီ
ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ"အား ဆရာဝန် (၈ဝ)ဦးက လက်မှတ်ထိုး၍ ပေးပို့သတင်း၏ နောက်ဆက်တွဲအဖြစ် အဆိုပါ ကနဦး ဆရာဝန်(၈၀)ဦးတွင် ပါဝင်ခဲ့သည့်ဆရာဝန်တစ်ဦးက CJMyanmar သို့ စာဖြင့်-
"၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦ
ဟု ဆက်သွယ်ပြောကြားလာပါသည်။
ကနဦးတွင် ဆရာဝန် (၈၀)ဦး၏ ဆမနံပတ်နှင့် လက်မှတ်များပူးတွဲ၍ သမ္မတဦးသိန်းစိန်နှင့်
၁။ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန
၂။ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
၃။ ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့်တည
၎။ ဥက္ကဋ္ဌ၊ ကျန်းမာရေးမြှင့်တင်မှု ကော်မတီ
၅။ ဥက္ကဋ္ဌ၊ ပညာရေးမြှင့်တင်မှု ကော်မတီ
၆။ ဥက္ကဋ္ဌ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင
ဟူသည့် (၆)နေရာသို့လည်း "သဘောထားနှင့် တောင်းဆိုချက်များ" မိတ္တူပေးပို့ ပေးပို့ခဲ့ပြီးနောက် ထပ်မံ၍ "သဘောထားနှင့် တောင်းဆိုချက်များ" ကို ထောက်ခံသူ ဆရာဝန်များ၏ လက်မှတ်များ စုဆောင်းနေရာ ယခုအခါ နောက်ထပ် ဆရာဝန်ဦးရေ (၁၈၀)ဦးကျော်၏ ထောက်ခံလက်မှတ်များ(ဆမနံပတ်
(၂၀၁၂ ခုနှစ်၊ စက်တင်ဘာ (၁)နှင့်(၂)ရက်များက ပထမအဆင့်အနေဖြင့် ရေးဖြေ ဖြေဆိုပြီးနောက်တွင် ဒုတိယနှင့် တတိယအဆင့်အနေဖြင့် စိတ်အခြေအနေစစ်ဆေးခြင်းနှင်
ယခု လက်ထောက်ဆရာဝန်ဖြစ်ခွင့်စာေ
သတင်းနှင့်ဓါတ်ပုံ CJMyanmar













No comments:
Post a Comment