CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, September 10, 2012

"၀န်ကြီးဌာနပေါင်းစုံ ဘောလုံးပွဲတွင် ၀န်ထမ်းမဟုတ်သော ပြင်ပဘောလုံးသမားများအား နေ့စားဝန်ထမ်းအဖြစ် ခေါ်ယူထည့်သွင်းကစားခဲ့ဟုဆို"

Saturday . Septembe8 ,2012



နေပြည်တော်၊ ၀န်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို (၇၊ ၉၊ ၂၀၁၂) နေ့လည် ၃ နာရီက နေပြည်တော် ပေါင်းလောင်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာနအား ၁ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့
ကြောင်းသိရပြီး ပြိုင်ပွဲဝင် ၀န်ကြီးဌာနအများစုတွင် ၀န်ထမ်းများသာမက ၀န်ထမ်းမဟုတ်သော ပြင်ပဘောလုံးသမားများအား နေ့စားဝန်ထမ်းအဖြစ် ခေါ်ယူထည့်သွင်းကစားစေခဲ့ကြောင်း ပြိုင်ပွဲဝင်ဝန်ကြီးဌာနတစ်ခုမှ ၀န်ထမ်းဘောလုံးသမားတစ်ဦးက CJMyanmar သို့ ပြောကြားသည်။

"မသိတဲ့လူတွေကတော့ထင်မှာပဲ။ ၀န်ထမ်းတွေချည်းကန်ကြတဲ့ပွဲ ဆိုပြီးတော့ပေါ့။ တကယ်တမ်းကျတော့ အသင်းဂုဏ်မငယ်အောင်ဆိုပြီး ၀န်ထမ်းမဟုတ်တဲ့ အပြင်က(ရပ်ထဲရွာထဲက) ဘောလုံးသမားတွေကို ပိုက်ဆံပေးပြီး အငှားခေါ်ကန်ကြတာတွေလည်းရှိတယ်။ အမည်တပ်တာကတော့ နေ့စားဝန်ထမ်းအဖြစ်နဲ့ပေါ့။ ဒီနှစ်ပြိုင်ပွဲမှာ ဒိုင်လူကြီးဘက်လိုက်တာတွေနဲ့
ရန်ပွဲတွေလည်းရှိခဲ့တယ်" ဟုဆိုသည်။
 
 

No comments:

Post a Comment