Thursday, September 19,2012
မန္တလေးမြို့၊
၇၈လမ်း၊ လမ်း၄၀ နှင့် ၄၁ ကြား ရှိ ဘီးတန်းရပ် တွင် ယနေ့ နေ့လည် ၁နာရီ
၄၀မိနစ်ခန့်တွင် DYNA ကားတစ်စီး မြောက်ဖက်မှ တောင်ဖက်သို့ မောင်းလာစဉ်
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း
ဓာတ်ဆီဆိုင် နှင့် မျက်နှာချင်း ဆိုင် ရှိ ပလက်ဖေါင်းကို ကျော်တက်ကာ
အိမ်အုတ်တံတိုင်းအား အရှိန်ပြင်းစွာ တိုက်မိပြီး၊ ထိုအိမ်ရှေ့တွင်
အများသုံးဆက်သွယ်ရေး PCO ဖုန်းဆိုင်ဖွင့်ထားသော အသက်(၂၃)နှစ် အရွယ်ရှိ
မဖြူဖြူအောင် ကိုတိုက်မိသဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ ဆေးကုသမှု
ခံယူနေရကြောင်းနှင့် ထိုယာဉ်မောင်းအား မန္တလေး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရေးယူ
ဆောင်ရွက်လျှက်ရှိကြောင်း CJMyanmar မှသတင်း ရရှိသည်။
သတင်း နှင့် ဓါတ်ပုံ #CJM - 1717
သတင်း နှင့် ဓါတ်ပုံ #CJM - 1717



No comments:
Post a Comment