စက်တင်ဘာ လ (၂) ရက်
ကာကွယ်ရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးတာဝန် ထမ်းဆောင်နေသော ဗိုလ်မှူးကြီးအောင်သော်အား ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့် ခန့်အပ်လိုက်ကြောင်း စီဂျေမြန်မာမှ သတင်းရရှိပါသည်။
ဗိုလ်မှူးချုပ်အောင်သော်မှာ တပ်မတော်(ရေ)တွင် ဗိုလ်မှူးကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၃/၂၀၁၁ ဖြင့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
No comments:
Post a Comment