Monday , September10. 2012
၂၀၁၂၊ စက်တင်ဘာ ၁၀ ရက်၊ ယနေ့နံနက်က မုံရွာမြို့ ဆုတောင်းပြည့်ဘုရားတွင် လက်ပတောင်းတောင်၊ ကြေးနီစီမံကိန်း လယ်ယာမြေကိစ္စနှင့်ပတ်သက်ပြီး ၀တ်ပြုဆုတောင်းခဲ့သောကြောင့် အမျိုးသမီး (၁၂)ဦးအား မုံရွာအမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
အဆိုပါအမျိုးသမီး (၁၂)ဦးအား ပြန်လည်လွတ်မြောက်ရန်အတွက် ယနေ့နေ့လည် (၁)နာရီဝန်းကျင်က မုံရွာမြို့ ဘူတာလမ်းရှိ အမှတ်(၁)ရဲစခန်းရှေ့တွင် လက်ပန်းတောင်းတောင်အနီးတ၀ိုက်မှ ရွာသူရွာသားများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြသော်လည်း မအောင်မြင်သောကြောင့် ရွာသူရွာသားများအပါအ၀င် မုံရွာမြို့သူမြို့သားများ၊ မုံရွာဗကသကျောင်းသားများနှင့် ရဟန်းရှင်လူများသည် ယနေ့ညနေ (၅)နာရီဝန်းကျင်က အင်အား (၁၀၀၀) ၀န်းကျင်ဖြင့် မုံရွာမြို့တွင်းသို့ လှည့်လည် ဆန္ဒထုတ်ဖော်ကြကြောင်း CJ Myanmar မှ သိရှိရသည်။





No comments:
Post a Comment