CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, September 15, 2012

Japan Expo & Comic Party 2012

 Thursday, September13. 2012


Japan Products Expo & Comic Party 2012 အခမ်းအနား မိတ်ဆက်ပွဲ အခမ်း အနားကို ယနေ့ စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းက Sedona Hotel ရန်ကုန် တွင် ပြုလုပ်ခဲ့ပါတယ်။






Japan Products Expo & Comic Party 2012 အခမ်းအနား မိတ်ဆက်ပွဲ အခမ်း အနားကို ယနေ့ စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းက Sedona Hotel ရန်ကုန် တွင် ပြုလုပ်ခဲ့ပါတယ်။ ဂျပန်ထုတ်ကုန် များကို ပြသမယ့် အဆိုပါပွဲကို အောက်တိုဘာလ ၅ ရက်နေ့ကနေ ၈ ရက်နေ့ အထိ တပ်မတော်ခန်းမ မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အဆိုပါပွဲကို Myanmar Proffessional Services Co., Ltd က စီစဉ်ကျင်းပမှာ ဖြစ်ပြီး Japan Expo အနေနဲ့ ပထမဆုံး အကြိမ် ကျင်းပခြင်း ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဂျပန်ထုတ်ကုန်များကို အဓိကထား ပြသမှာ ဖြစ်ပြီး Panasonic, Yamaha, Nipro, Hitachi အစရှိတဲ့ ထုတ်ကုန်များကို ပြသမှာ ဖြစ်ပါတယ်။

ဖျော်ဖြေရေး အစီအစဉ်များလဲ စီစဉ်ထားရှိပြီး အထူး အစီအစဉ်အနေနဲ့ ဂျပန် နှင့် ထိုင်း တို့မှ Cosplayers ဖက်ရှင်များလဲ ပြသကြမှာဖြစ်ပါတယ်။ Cosplayers များဟာ ဂျပန် မှာ ခေတ်စားနေတဲ့ Manga ခေါ် ကာတွန်း ရုပ်ပြစာအုပ် များထဲမှ ဇာတ်ကောင် များအတိုင်း ဝတ်စားဆင်ယင် ပြသမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကျော်ကြားတဲ့ cosplayer Ms. ENAKO လဲ ပြပွဲကာလ အတွင်း လာရောက် Cosplay ပြသမယ်လို့ ဆိုပါတယ်။

For More Informations ~
http://www.negibose.jp/myanmar/guest.html

  သတင်း နှင့် ဓါတ်ပုံ #CJM 666

No comments:

Post a Comment