CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Friday, September 21, 2012

လိုင်စင်ပြုလုပ်မည့်လိုင်စင်မဲ့ဆိုင်ကယ်လမ်းပိတ်ဆို့သည်အထိများပြား


Tuesday, September18 ,2012











မန္တလေး စက်တင်ဘာ ၁၈
လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးနေသည့်
၆၆-လမ်းနဲ့ ၂၉-လမ်းထောင့်ရှိ ယခင် ရဲသိပ္ပံကွင်းမှသည်
ဆိုင်ကယ်လိုင်စင်ပြုလုပ်မည့် ဆိုင်ကယ်များသည်
၂၉-လမ်းအတိုင်း အရှေ့ဘက်ကို တန်းစီကြရာမှ
အောင်တော်မူဘုရား ဘေးမှဖြတ်ကာ ၆၂-လမ်းအထိရောက်နေပြီး
တောင်ဘက်လမ်း-၃၀ မီးပွိုင့်ကိုပင် ကျော်လွန်လာသည်ကိုတွေ့ရသည်။
ညနေပိုင်းတွင် ၂၉လမ်းတောင်ဘက်၆၃လမ်းပေါ်တွင်လည်း
တန်းစီလျက်ရှိသည်။
ထိုသို့ လိုင်စင်မဲ့ ဆိုင်ကယ်များတန်းစီကြရာတွင် ကြီးကြပ်ပေးနိုင်မှု
အားနည်းခြင်းကြောင့် ယခုအခါ ကျောင်းသွားသူများ၊
လမ်းသွားလမ်းလာများနှင့် ရပ်ကွက်နေပြည်သူများ
လမ်းပိတ်ဆို့မှုများဖြင့် ဒုက္ခရောက်လျှက် ရှိနေကြကြောင်း
CJMyanmar မှ သတင်းရရှိသည်။

No comments:

Post a Comment