by CJMyanmar, (12.9.2012)
ယနေ့ (၁၂၊ ၉၊ ၂၀၁၂) နံနက် ၉ နာရီက နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် "ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်နှစ် (၂၀၁၂) အခမ်းအနား" ကျင်းပသွားကြောင်း သိရှိရပြီး ထောင်စုနှစ်ရည်မှန်းချက် အမှတ်(၄)ဖြစ်သည့် (၅)နှစ်အောက် ကလေးများသေဆုံးနှုန်းကို ၂၀၁၅ ခုနှစ်တွင် ၁၉၉၀ ခုနှစ်က ရှိခဲ့သ

ည့်
သေဆုံးနှုံး၏ သုံးပုံနှစ်ပုံလျှော့ချရေးဆိုသည့်
ရည်မှန်းချက်ပြည့်မီစေရန်ကြိုးပမ်းသည့်အနေဖြင့်
ကျန်းမာရေးဝန်ကြီးဌာနကဦးစီး၍ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍
မြန်မာနိုင်ငံတ၀ှမ်းမှ အသက်တစ်နှစ်အောက်ကလေးငယ်များအား Haemophilus
Influrenza B (အဆုတ်ယောင်နှင့် ဦးနှောက်အမြှေးယောင်)၊
အသည်းရောင်အသားဝါ(ဘီ)၊ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ ဟူသည့်
ရောဂါ (၅)မျိုးမှ ကာကွယ်ပေးနိုင်သည့် ရောဂါငါးမျိုးပေါင်းကာကွယ်ဆေး
(Pentavalent Vaccine) အား ထိုးနှံပေးတော့မည်ဖြစ်ကြောင်းသိရသည်။
(၄၊ ၈၊ ၂၀၁၂ ရက်ထုတ် ကြေးမုံသတင်းစာတွင် ယင်းကာကွယ်ဆေးအကြောင်း စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။)
အဆိုပါ Pentavalent ကာကွယ်ဆေးကို မြန်မာနိုင်ငံအစိုးရနှင့် GAVI Alliance (the Global Alliance on Vaccine and Immunization) အဖွဲ့တို့၏ ရန်ပုံငွေ ပူးပေါင်းပါဝင်ထည့်ဝင်မှုဖြင့် မြန်မာနိုင်ငံတွင် အဆိုပါ ကာကွယ်ဆေးမျိုးအား ပထမဆုံးအကြိမ်အဖြစ် ထိုးနှံပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အသက်တစ်နှစ်အောက်ကလေးငယ်များအား အသက် ၂ လ၊ ၄ လနှင့် ၆ လ အရွယ်များတွင် (၃)ကြိမ် အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။ ယခု Pentavalent ကာကွယ်ဆေးအပြင် ကလေးတီဘီကာကွယ်ဆေး(BCG)၊ ပိုလီယိုရောဂါကာကွယ်ဆေး နှင့် ၀က်သက်ကာကွယ်ဆေးများအားလည်း ယခင်ကအတိုင်း ပုံမှန် အခမဲ့ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်း Pentavalent ဆေးမတိုင်ခင်က မြန်မာနိုင်ငံတွင် အသက် တစ်လခွဲအရွယ်ကလေးငယ်များအား BCG ကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ပိုလီယိုရောဂါနှင့် အသည်းရောင်အသားဝါ(ဘီ)ရောဂါကာကွယ်ဆေးများ၊ အသက် နှစ်လခွဲ၊ သုံးလခွဲအရွယ်ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ပိုလီယိုရောဂါနှင့် အသည်းရောင်အသားဝါ(ဘီ)ရောဂါကာကွယ်ဆေးများ၊ အသက် ကိုးလနှင့် တစ်နှစ်ခွဲအရွယ်ကလေးငယ်များအား ၀က်သက်ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့သည်။
(အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးမှာမူ ၂၀၁၁-၂၀၁၂ ခုနှစ်၏ လအချို့တွင် Budget အခြေအနေရ အခမဲ့ ထိုးနှံပေးနိုင်ခြင်းမရှိခဲ့ပေ။)
(အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးသက်သက်အား မွေးကင်းစ (မွေးပြီး ၂၄ နာရီအတွင်း) ထိုးနှံကြသည်လည်း ရှိပါသည်။)
ယခုအသစ် စတင်ထိုးနှံပေးမည့် ရောဂါငါးမျိုးပေါင်းကာကွယ်ဆေး (Pentavalent Vaccine)နှင့် အလားတူ ရောဂါငါးမျိုးပေါင်းကာကွယ်ဆေးသည် ပြင်ပပုဂ္ဂလိကဈေးကွက်ပေါက်ဈေး မြန်မာကျပ်ငွေ နှစ်သောင်းခွဲခန့် တန်ကြေးရှိကြောင်းလည်း သိရသည်။
(ပြင်ပပုဂ္ဂလိကဈေးကွက်တွင် ရောဂါငါးမျိုးပေါင်း၊ ခြောက်မျိုးပေါင်း စသဖြင့် ကလေးငယ်များအတွက် ကာကွယ်ဆေးများအား မြန်မာကျပ်ငွေ သောင်းဂဏန်းကျော်ဈေးနှင့် ရောင်းချလျက်ရှိကြသည်။)
သို့ဖြစ်ပါ၍ တန်ဖိုးကြီးလှသော အထက်ပါ ငါးမျိုးပေါင်းကာကွယ်ဆေးနှင့် အခြားရောဂါကာကွယ်ဆေးများအား နီးစပ်ရာ အစိုးရကျန်းမာရေးဌာနများတွင် မိမိကလေး၏ အသက်အရွယ်အလိုက် မမေ့မလျော့ သွားရောက်ထိုးနှံကြပါရန် မိဘပြည်သူအပေါင်းအား CJMyanmar က တိုက်တွန်းအပ်ပါသည်။
သတင်းစာသား = CJM 030
သတင်းဓာတ်ပုံ = CJM 123

No comments:
Post a Comment