CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, September 15, 2012

မန်းမြို့တော်ဝန်၊မြရည်နန္ဒာ၊အောင်သာယာမှကျူးကျော်များကိုတွေ့ဆုံ


Tuesday , September11. 2012


မန္တလေးတိုင်းဒေသကြီှး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့မွန်းလွဲ ၁နာရီက မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးအောင်မောင်း၊ တာဝန်ရှိသူများမှ မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်များရှိ ကျူးကျော်နေထိုင်သူများ ကို ဖိတ်ကြားကာ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ရှင်းလင်းပွဲတွင် မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးအောင်မောင်းမှ ကျူးကျော်နေထိုင်သူများ ကို ဖယ်ရှားရန် သတ်မှတ်ပေးထားသည့် သတ်မှတ်ရက် ကျော်လွန်သွားပြီ ဖြစ်သည့်အတွက် စက်တင်ဘာလ ၁၁ ရက်မှ ၁၆ ရက်ကြားအတွင်း ကျူးကျော် ၀င်းခြံခတ် နေထိုင်သူများမှ ဖယ်ရှားပေးကြရန်နှင့် မဖယ်ပါက သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ကြောင်း CJMyanmar မှ သတင်း ရရှိသည်။ 
သတင်း နှင့် ဓါတ်ပုံ - CJM 1717

No comments:

Post a Comment