Tuesday , September11. 2012
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊
၅၉လမ်း၊ မနော်ဟရီလမ်း နှင့် သိပ္ပံလမ်းကြား ရှိ 'ဌက်နှစ်ကောင်'
ချိုချဉ်စက်ရုံ တွင် အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်များကို
အလုပ်သမားတစ်ဦးမကျန် ရရှိနိုင်ရန်အတွက် ၁၂.၉.၂၀၁၂ မနက် (၅)နာရီ ကတည်းက
တောင်းဆိုခဲ့ကြပါတယ်။
(က) တုတ်လိမ် မူလဈေး (၁ ပိသာ ၈၀ ကျပ်) နှုန်းအား (၁ ပိသာ ၃၀၀ ကျပ်) တိုးမြှင့်ပေးရန်။
(ခ) မြေပဲပါကင် မူလဈေး (၁ ဖာ ၇၀ ကျပ်) နှုန်းအား (၁ ဖာ ၃၀၀ ကျပ်) တိုးမြှင့်ပေးရန်။
(ဂ) ဘာလီလိမ် မူလဈေး (၁ ပိသာ ၁၆၀ ကျပ်) နှုန်းအား (၁ ပိသာ ၄၀၀ ကျပ်) တိုးမြှင့်ပေးရန်။
(ဃ) ပါကင် မူလဈေး (၁ ဖာ ၁၁၀ ကျပ်) နှုန်းအား (၁ ဖာ ၄၀၀ ကျပ်) တိုးမြှင့်ပေးရန်။
(င) ဘာလီပါကင် မူလဈေး (၁ ဖာ ၁၆၀ ကျပ်) နှုန်းအား (၁ ဖာ ၆၀၀ ကျပ်) တိုးမြှင့်ပေးရန်။
(စ) စက်သမား မူလဈေး (၁ ရက် ၂၂၀၀ ကျပ် ၂၃၀၀ ကျပ်) နှုန်းအား (၁ ရက် ၃၅၀၀ ကျပ်) တိုးမြှင့်ပေးရန်။
(ဆ) ပါကင်အိတ်ထည့် မူလဈေး (၁ အိတ် ၂၀ ကျပ်) နှုန်းအား (၁ အိတ် ၄၀ ကျပ်) တိုးမြှင့်ပေးရန်။
နံနက် (၈နာရီ) တွင် မြို့နယ်ဖြန့်ဖြေရေးအဖွဲ့ နှင့် ပိုင်ရှင် ဦးသိန်းအောင် (ဌက်နှစ်ကောင် - ချိုချဉ်စက်ရုံ) တို့ ညှိနှိုင်းနေကြောင်း CJMyanmar မှ သတင်း ရရှိသည်။

သတင်း နှင့် ဓါတ်ပုံ - CJM 1717

No comments:
Post a Comment