CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Friday, September 21, 2012

၂၀၀၃ခုနှစ်က မတရားဖမ်းဆီးခံခဲ့ရသော ဦးရွှေထူးပြန်လည်လွတ်မြောက်



Tuesday, September18 ,2012






၂၀၀၃ ခုနှစ်က လေသေနတ်အပျက်တစ်လက် အိမ်မှာတွေ့ရှိရာမှ ဖောက်ခွဲရေးပုဒ်မများနှင့် ဖမ်းဆီးခံခဲ့ရသော ဦးရွှေထူးဟာ မနေ့ည ၉း၃၀ တွင် မန္တလေးမြို့သို့ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ဦးရွှေထူးဟာ တောင်ကြီး တောင်၎လုံးထောင်မှာ ၉နှစ်ကျော်ကြာနေထိုင်ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။အခုဦးရွှေထူးဟာ တောင်ကြီးထောင်မှလွတ်မြောက်လာပြီး နောက် မြန်မာပြည်နိင်ငံရေးအခြေအနေများကို အရင်စောင့်ကြည့်မယ်လို့လည်းသိရပါတယ်။ထို့နောက် ဦးရွှေထူးကို CJ Myanmar မှမေးမြန်းရာတွင် "အခုချိန်တော့ ချက်ချင်းဘာမှလုပ်နိင်သေးဘူး အသက်လည်းရနေပြီဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါနိင်တော့ဘူး ၊ NLD ပါတီဝင်အဖြစ် မှတ်ပုံတင်လျှောက်ထားမယ်လို့" ပြောကြားသွားခဲ့ပါတယ်။
သတင်း နှင့် ဓါတ်ပုံ # CJ 027

No comments:

Post a Comment