အင်းတော်မြို့၊ စက်တင်ဘာလ (၃)ရက်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ နမီးအုပ်စု ခေါင်တုန့်စည်ရွာ ဆောက်လုပ်ဆဲ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအတွက် အလှူပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကို 2.6.2012 ရက်နေ့က ကူးဆိပ် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကူးဆိပ်ကျောင်းဆရာတော် ဦးကာလိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မန္တလေးဂေဇက်အွန်လိုင်းသုံးစွဲသူများ အဖွဲ့မှ ဒုတိယအကြိမ် လှူဒါန်းသော ဘိလပ်မြေ ၂၀ အိတ်၊ ဗီရို တစ်လုံး ၊ ဖိုင်ဘာခုံ ၁၀လုံး၊ ကာလတန်ဘိုး သုံးသိန်းကျပ် နှင့် မော်လူးဒေသ one candle စေတနာရှင်လူငယ်များ အဖွဲ့မှ အမှိုက်ပုံးနှစ်လုံး ၊ ခေါက်စားပွဲတစ်လုံးတို့ကို လှူဒါန်းရာ ခေါင်တုန့်စည်ကျောင်းမှ ဆရာမ ဒေါ်မမြိုင်မှ လက်ခံရယူပြီး မန္တလေးဂေဇက်အွန်လိုင်းမှ အဖွဲ့ဝင်ဖြစ်သူ one candle စေတနာရှင်လူငယ်များအဖွဲ့မှ ကိုထွန်းဝင်းလတ်အား ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထိုနောက် ဆရာတော်ဦးကာလိန္ဒမှ ခေါင်တုန့်စည်ရွာသူ/သားများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် အမျှဝေ သာဓုခေါ်ကြကာ အလှူပစ္စည်းပေးအပ်ပွဲ တက်ရောက်လာကြသူများအား ဆရာတော်မှ ထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း CJMyanmar မှ သတင်းရရှိသည်။
No comments:
Post a Comment