CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Sunday, July 1, 2012

"မြန်မာ ၆ ဂိုး - ထိုင်ဝမ် (တရုတ်တိုင်ပေ) ၂ ဂိုး"


(Saturday, June 30 , 2012)


ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ယနေ့ (၃၀-၆-၂၀၁၂) ညနေ ၃ နာရီ ၁၅ မိနစ်က စတင်ယှဉ်ပြိုင်ကစားခဲ့သော AFC U-22 CHAMPIONSHIP 2013 အုပ်စု(G) ခြေစစ်ပွဲတွင် ပွဲအပြီး၌ မြန်မာအသင်းက ထိုင်ဝမ်(တရုတ်တိုင်ပေ)အသင်းအား
၆ ဂိုး ၂ ဂိုး ဖြင့် အနိုင်ရရှိသွားပါသည်။

ယနေ့ပွဲတွင် မြန်မာအသင်းအတွက် ဂိုးများကို ကျော်ဇေယျာဝင်း(၃)ဂိုး၊ နိုင်လင်းဦး (၁)ဂိုး၊ ရန်အောင်ဝင်း (၁)ဂိုး၊ ကောင်းစည်သူ (၁)ဂိုး တို့က အသီးသီးသွင်းယူခဲ့သည်။

ယခုအခါ မြန်မာအသင်း ရမှတ်စုစုပေါင်း (၁၀)မှတ်ဖြင့် ယနေ့ညနေ ၆း၁၅ နာရီတွင် ယှဉ်ပြိုင်မည့် " တောင်ကိုရီးယား - ဖိလစ်ပိုင် " ပွဲစဉ်ရလဒ်မတိုင်မီအထိ အုပ်စုပထမနေရာတွင် ရောက်ရှိနေလျက်ရှိကာ ခြေစစ်ပွဲအောင်မြင်ရန် အခြေအနေကောင်းနေသည်။

မြန်မာအသင်း၏ အုပ်စုတွင်း နောက်ဆုံးပွဲစဉ်အဖြစ် (၃-၇-၂၀၁၂)ရက်၊ ညနေ ၆း၁၅ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ္ဏဘောလုံးကွင်း၌ မလေးရှားအသင်းနှင့် ရင်ဆိုင်ယှဉ်ပြိုင်ဆင်နွှဲရမည်ဖြစ်သည်။

No comments:

Post a Comment