CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Wednesday, July 4, 2012

မြန်မာပံ့ပိုးကူညီသူများအဖွဲ့ ၅ကြိမ်မြောက်ပံ့ပိုးကူညီမှု


(Wednesday , July 4, 2012 )




လစဉ်ပံ့ပိုးကူညီမှု အစီအစဉ်ဖြစ်သော မြန်မာပံ့ပိုးကူညီသူများအဖွဲ့ Myanmar Providers Group ၏ ၅ ကြိမ်မြောက် ပံ့ပိုးကူညီမှုကို ဆည်မြောင်းဝန်းအရှေ့ဘက် ရေထွက်အုပ်စု ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့ရှိ ရေထွက်မစိုးရိမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ (၃.၇.၂၀၁၂)က သွားရောက်ကူညီခဲ့ကြောင်း သိရပါသည်။ ပံ့ပိုးကူညီမှုမှာ စုစုပေါင်း ၁၂၅၃၀၀၀ ကျပ်ဖြစ်ပြီး၊ စာအုပ်၊ စာရေးကိရိယာ၊ ဆန်အိတ်(၂၀)နှင့် စာသင်ဆောင်တိုးချဲ့ရန်အတွက် အလှူငွေတို့ ဖြစ်ပါသည်။

အဆိုပါကျောင်းအား ဆရာတော်အရှင်ဝါယမ သာသနဓဇ သီရိပဝရ ဓမ္မာစရိယ၊ B A (မြန်မာစာ)မှ တည်ထောင်အုပ်ချုပ်ပြီး၊ ကျေင်းသားကျောင်းသူကလေး ၁၁၀ကျော်ရှိကာ၊ ကျောင်းနေမိဘမဲ့ ကလေးများမှာ ၅၀ခန့် ရှိပါသည်။ ဆက်သွယ်လှူဒါန်းလိုသူများသည် ဆရာတော်ဖုန်း ၀၉၉၁၀၄၉၃၄၂ သို့ စုံစမ်းလှူဒါန်းနိုင်ကြောင်းသိရပါသည်။

5th Myanmar Providers Group's monthly donation event was done at Yay Htwat Ma Soe Yane Monastic Education Centre in East Sal Myaung Win, Yay Htwat Oak Su, Patheingyi Township, Mandalay State on July 3, 2012. The Group donated 1,253,000 Ks., which includes notebooks, stationary, 20 rice bags, and donations for the extension of learning room.

This monastic education centre is guided by Sayardaw A Shin Waryama Sasana Thiripawaya Dhammasariya (BA Myanmar), and there are 110 students including 50 orphans. Those who want to contribute to this school can contact the Sayardaw at 09 910 49342 


သတင်း နှင့် ဓါတ်ပုံ  -CJM 013

No comments:

Post a Comment