ဝမ်းတွင်းမြို့၊ ဇူလိုင်လ (၁၄) ရက်
ဝမ်းတွင်းမြို့နယ် နေပူကုန်းရွာနှင့် ဆပ်ခင်းရွာကြား လမ်းဖောက်ရန်စီစဉ်ရာမှ ခိုင်ရန်ဖြစ်ပွားခဲ့။
မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် နေပူကုန်းရွာနှင့် ဆပ်ခင်းရွာကြား လမ်းဖောက်လုပ်ရန်စီစဉ်မှုတွင် တစ်ဖက်နှင့်တစ်ဖက် သဘောထားမတူညီမှုများကြောင့် ဇွန်လ ၃၀ရက်နေ့က အဆိုပါကျေးရွာနှစ်ရွာမှ ရွာသူရွာသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွား ခဲ့ရာ သက်ဆိုင်ရာက ဖြေရှင်းပေးခဲ့ရကြောင်း CJMyanmar မှ သိရသည်။
အဆိုပါ ရွာနှစ်ရွာခိုက်ရန်ဖြစ်ပွားရာတွင် ဇွန်လ (၃၀)ရက် နေ့လည် (၁)နာရီဝန်းကျင်က စတင်ကာ တစ်ဖက်လျှင်ရွာသူရွာသား ထောင်ဂဏန်းမျှပါဝင်ခဲ့ပြီး အပြန်အလှန်ခဲဖြင့်ပေါက်ခြင်း၊ တုတ်၊ လေးခွများကိုင်ဆောင်၍ ပစ်ပေါက်ကျူးလွန်ကြကြောင်းသိရှိရသည်။
အခင်းဖြစ်ပွားရာသို့ မြိ့နယ်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၅၀)ကျော်နှင့်
တာဝန်ရှိသူများ ရောက်ရှိထိန်းသိမ်းခဲ့ရာ မွန်းလွဲ (၂)နာရီခွဲဝန်းကျင်တွင်
လူစုကွဲသွားသည်။ ဆပ်ခင်းရွာမှ (၁၄)ဦး၊ နေပူကုန်းရွာမှ (၁၆)ဦးတို့
ဒဏ်ရာရရှိခဲ့ကြောင်းလဲ သိရှိရသည်။
ဇူလိုင်(၁)ရက်နေ့ နံနက် (၆)နာရီတွင် ထပ်မံဖြစ်ပွားရာ ပြင်းထန်စွာအပြန်အလှန်ကျူးလွန်မှုများကြောင့်
မြို့နယ်ရဲတပ်ဖွဲ့မှ လေ့ကျင့်ရေးသုံး ဂရီနာကျည်ဆံများဖြင့်
သုံးစွဲဖြေရှင်းခဲ့ရသည်။ အဆိုပါနေ့ မွန်းလွဲ ၂နာရီ ၄၅မိနစ်တွင်
မန္တလေးတိုင်းဒေသကြီး နယ်စပ်လုံခြုံရေးဝန်ကြီးနှင့် အဖွဲ့ရောက်ရှိလာကာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖြန်ဖြေပေးခဲ့ကြော င်း CJ Myanmar မှ သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် နေပူကုန်းရွာနှင့် ဆပ်ခင်းရွာကြား လမ်းဖောက်လုပ်ရန်စီစဉ်မှုတွင
အဆိုပါ ရွာနှစ်ရွာခိုက်ရန်ဖြစ်ပွားရာတွင် ဇွန်လ (၃၀)ရက် နေ့လည် (၁)နာရီဝန်းကျင်က စတင်ကာ တစ်ဖက်လျှင်ရွာသူရွာသား ထောင်ဂဏန်းမျှပါဝင်ခဲ့ပြီး အပြန်အလှန်ခဲဖြင့်ပေါက်ခြင်
ဇူလိုင်(၁)ရက်နေ့ နံနက် (၆)နာရီတွင် ထပ်မံဖြစ်ပွားရာ ပြင်းထန်စွာအပြန်အလှန်ကျူးလ
No comments:
Post a Comment