CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Wednesday, July 25, 2012

တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေပြဌာန်းရန်" အဆိုနှင့်ပတ်သက်၍ ကော့မှူး မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၏ ဆွေးနွေးတင်ပြမှု စာသားအပြည့်အစုံ

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar


ကွတ်ခိုင်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်၏ "တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေပြဌာန်းရန်" အဆိုနှင့်ပတ်သက်၍ ကော့မှူး မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၏ ဆွေးနွေးတင်ပြမှု စာသားအပြည့်အစုံ အား CJ Myanmar မှဖေါ်ပြလိုက်ပါသည်။ လေစားအပ်ပါသော လွှတ်တော် ဥက္ကဌ ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များရှင်။ ကျမက ရန်ကုန်တိုင်းဒေသကြီး ကောမှုးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ကျမ အနေနဲ့ ဦးတီခွန်မြတ်ရဲ့တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်ရေးများကာကွယ် စောင့်ရှောက်ရေးနဲ့ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာဆိုလို့ ရှိရင် တိုင်းရင်းသားလူမျိုးများဆိုတဲ့ ဝေါဟာရကိုသတ်သတ် မှတ်မှတ် အဓိပ္ပယ်ဖေါ်ထားတာမရှိပါဘူး။၁၉၈၂ ခု နှစ် နိုင်ငံသားဥပဒေမှာဆို-ရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်ကစပြီး ဒီနေ့ နိုင်ငံမှာ မှီတင်းနေထိုင်ခဲ့တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပါယ်ဖေါ်ထားပါတယ်။အဲ့ဒီအထဲမှာဗမာတွေလည်းပါပါတယ်။ အခု ဆွေးနွေးချက်တွေ အ၇ဆိုရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့် အရေးတွေ ကိုရည်ညွန်းပြီးတော့ ပြောကြတယ်လို့ ကျမတို့ မှတ် ယူရပါတယ်။ ပြည်နယ်တွေ အကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာဆင်းရဲမွဲတေမှုနဲ့ပတ်သက် လို့ အဆိုးဝါးဆုံးဒေသတွေ ဟာပြည်နယ်ဒေသတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ် ဆိုလို့ရှိရင်ခု နောက်ဆုံး အာရှ ဖွံ့ဖြိုးရေး ဘဏ် ရဲ့ကိန်း ဂဏန်းအရ ၇၃.၃ ရာခိုင်နှုန်း ၊ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ရာခိုင်နှုန်း ။ရှမ်းမြောက် ဆိုရင် ၃၇.၄ရာခိုင်နှုန်း။ရှမ်းတောင် ဆိုရင် ၂၅.၂ ရာခိုင်နှုန်း ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်ရဲ့ဆင်းရဲမွဲတေမှုနုန်း ဟာ ၃၃.၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှု အခြေနေကတော့ ၄၃.၅ ရာခိုင်နှုန်းဖြစ်ပါတယ်။တစ်နိုင်ငံလုံးရဲ့ ပျမ်းမျ ဆင်းရဲမွဲတေမှု နှုန်းဟာ ၂၅. ၆ ရာခိုင်နှုန်း ဖြစ်တာကြောင့်မို့ ဒီပြည်နယ်တွေမှာပျမ်းမျှခြင်း နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းမြင့်နေတယ်လို့ပြောလို့ရပါတယ်။ထို့အတူပဲ ကချင်ပြည်နယ်မှာလည်း ၂၈. ၆ ရာခိုင်နှုန်းထက်ပျမ်းမျှခြင်းရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျနေတယ်။ဒီကိန်းဂဏန်း တွေကိုကြည့်ခြင်းအားဖြင့် ကျမတို့ပြည်နယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှု အခြေနေဟာ ကြေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း ကျမတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီးလုံးဝ ငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ဒါကြောင့်တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများ ကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာဘာသာစကားယဉ်ကျေးမှု ထိန်းသိမ်းခြင်းနဲ့များစွာပိုပြီးတော့ ကျယ်ပြန့်နက်နဲတယ်ဆိုတာကိုကျမတို့ဆိုနိုင် ပါတယ်။ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓါတ်နဲ့ ကွာခြား လို့မရတဲ့၊ ခွာလို့ မရတဲ့ တန်းတူ ညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေး တို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်း လာရေးအတွက် ကျမတို့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ဆွေးနွေး ညှိနိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့် အရေးများကို ကာကွယ်နိုင်ဖို့ အတွက်ဥပဒေများကိုလိုအပ်သလို ပြုပြင်ခြင်း ၊လိုအပ်သလို ပြဌာန်းခြင်းတို့ များဆောင်ရွက် ဖို့ ရန်ကို တိုက်တွန်းရင်း ဦးတီခွန်မြတ်ရဲ့ အဆိုကိုကျမအနေနဲ့ထောက်ခံပါတယ်။ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment