CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Tuesday, July 24, 2012

စစ်တွေဆိပ်ကမ်းသစ်စီမံကိန်းမှ ညပိုင်းတွင် ပိုင်တိုင်စိုက်ထူသည့်အသံဆူညံနေ

သတင်း နှင့် ဓာတ်ပုံ -  CJ Myanmar
စစ်တွေ ဇူလိုင်(၂၄)


စစ်တွေမြို့တွင် လက်ရှိတည်ဆောက်ဆဲဖြစ်သော စစ်တွေဆိပ်ကမ်းသစ်စီမံကိန်းမှ ညပိုင်းတွင် ပိုင်တိုင်စိုက်ထူသည့်အသံဆူညံနေသဖြင့် အဆိုပါလုပ်ငန်းခွင်မှ သက်ဆိုင်ရာဝန်ထမ်းသို့ မေးမြန်းကြည့်ရာတွင် 'ကျွန်တော်တို့မှာက အရင်တုန်းကတော့ အောက်ခံသဲခင်းတဲ့အဆင့်၊ အခုတော့ သဲခင်းတဲ့အပိုင်းကပြီးသလောက်နီးပါးဖြစ်သွားပြီ ဆိုတော့ ပိုင်တိုင်စိုက်တဲ့အပိုင်းကိုရောက်နေပြီ။ ပိုင်တိုက်စိုက်တာကိုတော့ နေ့ဆိုင်း ညဆိုင်းဆိုပြီး နှစ်ဆိုင်းခွဲလုပ်ပါတယ်။ အသံထွက်တဲ့ကိစ္စကျတော့လည်း ကျွန်တော်တို့က စီမံကိန်းကာလ အမှီပြီးအောင်လို့ စက်ယန္တရားကြီး တွေနဲ့တည်ဆောက်တာဖြစ်လို့ အသံဆူညံမှုတော့ရှိပါတယ်။'' လို့ဖြေကြားခဲ့ပါတယ်။ အဆိုပါ ဆိပ်ကမ်းသစ်စီမံကိန်းအား အိန္ဒိယကုမ္ပဏီဖြစ်သော ESSAR မှ 2011 မှ စတင်တည်ဆောက်ခဲ့ပြီး 2013-2014 လောက်တွင် ပြီးစီးမည်ဟုသိရသည်။

No comments:

Post a Comment