CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, July 21, 2012

"ချင်းပြည်နယ်ဝန်ကြီးချုပ်က ၄င်း၏ သမီးဆရာဝန်ကိုမူ ချင်းပြည်နယ်တွင် တာဝန်မထမ်းဆောင်စေဟုဆို" (CJMyanmar သို့ ပေးစာ)

သတင်း နှင့် ဓာတ်ပုံ -  (CJMyanmar သို့ ပေးစာ)
ချင်းပြည်နယ်၊ ဂျူလိုင်လ (၁၀)ရက်


"ကျောင်း ဆင်းပြီးဖြစ်သော ချင်းအမျိုးသားဆရာဝန်များအား ဆမ အမြန်ချပေးပါရန်နှင့် ချင်းပြည်နယ်တွင် ဆရာဝန်များ လိုအပ်သောဒေသများသို့ စေလွှတ်ပေးပါရန်" အဆိုကို ၂၀၁၁ ခုနှစ် လွှတ်တော်တွင် ချင်းပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦးက အဆိုတင်သွင်းခဲ့ဖူးသည်ကို မှတ်မိကြဦးမည်ထင်၏။ ယခု ၂၀၁၂ ခုနှစ်အရောက်တွင်မူ ချင်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးဟုန်းငိုင်း (ယခင် ချင်းပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟုန်းငိုင်း)က ၄င်း၏ သမီးဆရာဝန်အား ချင်းပြည်နယ်တွင်တာဝန်မကျစေရန် ကြိုးစားခဲ့ကာ ချင်းပြည်နယ်အတွက် ချင်းပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦး တင်သွင်းခဲ့ဖူးသော အထက်ပါ လွှတ်တော်အဆိုအား ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ပျက်ရယ် ပြန်ပြုသလိုဖြစ်နေပါကြောင်း CJMyanmar သို့ ပေးစာတစ်စောင် ပေးပို့လာပါသည်။ =========================== ၂၀၁၁ ခုနှစ်၊ လွှတ်တော်တွင် "ကျောင်း ဆင်းပြီးဖြစ်သော ချင်းအမျိုးသားဆရာဝန်များအား ဆမ အမြန်ချပေးပါရန်နှင့် ချင်းပြည်နယ်တွင် ဆရာဝန်များ လိုအပ်သောဒေသများသို့ စေလွှတ်ပေးပါရန်" အဆိုအား ချင်းပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦးက တင်သွင်းခဲ့ဖူးသည်ကို ဖတ်ရှုရန်အင်တာနက်လိပ်စာ-http://chinposts.blogspot.com/p/blog-page_5967.html?zx=2d6e0dac49be3ac5

No comments:

Post a Comment