မန္တလေးမြို့၊ ဇူလိုင်လ ၂၅ရက်
မန္တလေးမြို့ ကျုံးအရှေ့ဘက် ကပ်ရပ်လမ်းဖြစ်သော ၆၆-လမ်းသည် မြောက်ဘက် မန္တလေးတောင်ခြေမှ စတင်ခဲ့ပြီး ၃၂လမ်း အရောက်တွင် လမ်းပိတ် အဖြစ်တည်ရှိနေသော လမ်းဖြစ်သည်။ ယခုအခါ ၃၂လမ်းမှ ၃၅လမ်းကြား လမ်းပိတ်အပိုင်းအား လမ်း အဖြစ် ဖောက်လုပ်လျှက်ရှိသည်။ ယင်းသို့ လမ်းဖောက်လုပ်မှုကြောင့် ယင်းလမ်းကြောင်းပေါ်တွင်တည်ရှိသည့် ပညာရေး လေ့ကျင့်ရေး တက္ကသိုလ်မှ လမ်းအတွက် မြေသားနေရာ ပေးလိုက်ရကြောင်း သိရပါသည်။
အလားတူ ၃၂-၃၃လမ်းကြားနှင့် ၆၆-၆၇လမ်းကြားတွင် တည်ရှိသော လမ်းမြေအား ကျူးကျော် ခတ်ထားသော ပညာရေး လေ့ကျင့်ရေး တက္ကသိုလ်၏ အုတ်တံတိုင်း ကြောင့် လမ်းပိတ်ဖြစ်နေသော လမ်းသွယ်အားလည်း ၆၆လမ်းအထိ ပေါက်သော လမ်းသွယ်အဖြစ် ဖောက်လုပ်ပေးစေလိုကြောင်း ယင်းလမ်းသွယ်တွင် နေထိုင်သူ တစ်ဦးမှ CJMyanmar သို့ ပြောကြားပါသည်။
No comments:
Post a Comment