CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, July 21, 2012

ဇူလိုင်လ ၅ ရက်၊ ညနေ ၇နာရီခွဲက မန္တလေးမြို့ ၆၂လမ်း၊ ၃၅လမ်း နှင့် ၃၆ လမ်းကြားတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွား


မန္တလေး၊ ဇူလိုင်လ (၅) ရက်



ဇူလိုင်လ ၅ ရက်၊ ညနေ ၇နာရီခွဲက မန္တလေးမြို့ ၆၂လမ်း၊ ၃၅လမ်း နှင့် ၃၆ လမ်းကြားတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှာ Tiger ဘီယာအမှတ်တံဆိပ်ပါ ကားသည် ၆၂လမ်း အတိုင်းမောင်းလာရာမှ ၃၆လမ်း အရောက်တွင် အရှေ့ဘက်သို့ ကွေ့စဉ် အနောက် မှ လိုက်ပါလာသော Light Truck ကားမှ အရှိန်မထိမ်းနိုင်ပဲ ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်ကာ ယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း CJMyanmar မှသတင်းရရှိသည်။
သတင်း နှင့် ဓာတ်ပုံ -  တမာပင်

No comments:

Post a Comment