CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, July 21, 2012

အိမ်ရှင်မှ အိမ်တွင်အလုပ်လုပ်သူ မိန်းကလေးအား နှိပ်စက်သဖြင့် ထွက်ပြေးကာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား

သတင်း နှင့် ဓာတ်ပုံ -  တမာပင်
မန္တလေးမြို့၊ ဇူလိုင်လ (၉)ရက်၊


မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အကွက်(၃၄၀)၊ ဆင်တိုင်ရပ်တွင် အိမ်ရှင် မခင်နီလာဝင်း (ခ) နီနီ မှ အိမ်တွင် အိမ်ဖော်အဖြစ် အလုပ်လုပ်နေသော အသက်(၁၄)နှစ်အရွယ်ရှိ မတင်နီလာအေး အားတံပျက်စည်းဖြင့် ရိုက်နှက်ခြင်း၊ ကုလားထိုင်ဖြင့်ရိုက်သဖြင့် ဘယ်ဖက်လက်ကျိုးကာ၊ ဒူးခေါင်းနှင့် ပေါင်များတွင် မီးပူဖြင့်ကပ်သည်ဆိုကာ လက်ကျိုး၊ ခေါင်းပေါက်ဒါဏ်ရာ၊ အပူလောင် ဒဏ်ရာများဖြင့် ဇူလိုင်လ ၅ ရက်နေ့က အိမ်မှထွက်ပြေးလာရာ တွေ့ရှိ ကူညီသူများမှ မန္တလေး အမှတ် (၇) ရဲစခန်းသို့ သတင်းပို့ တိုင်ကြားကာ မန္တလေးဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာနသို့ တင်ပို့ ကုသခဲ့သည်။မတင်နီလာဝင်း၏ တိုင်ကြားချက်နှင့် ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ၊ အမှတ်(၇)ရဲစခန်းမှ မခင်နီလာဝင်း(ခ) မနီနီအား အမှုဖွင့် အရေးယူထားကြောင်း၊ အမှုကို အခိုင်အမာတည်ဆောက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း CJMyanmar မှသတင်းရရှိသည်။

No comments:

Post a Comment