မန္တလေး ၊ ဇူလိုင်လ (၂၀) ရက်
မန္တလေး မဟာမြတ်မုနိဘုရားကြီး ဝါဆိုခြင်းအလှခတ်ပွဲတော်ကို နှစ်စဉ်မပျက်
ကျင်းပလာခဲ့ရာ ၈၄ ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော်ကို ပထမဝါဆိုလဆန်း ၂
ရက်နေ့မှ စပြီး မဟာမြတ်မုနိဘုရားကြီး ခြင်းပွဲကွင်းတွင်
ကျင်းပပြုလုပ်လျှက် ရှိသည်။
ယခုနှစ် ဝါဆိုခြင်းအလှခတ်ပွဲတော်တွင် ခြင်းအလှခတ်အသင်းပေါင်း ၁၅၀၀ သင်းပါဝင်ဆင်နွဲကာ တစ်ရက်လျှင် ခြင်းအလှခတ်အသင်း ၃၀ သင်းနှုန်းဖြင့် ရက်ပေါင်း ၅၀ ခတ်ကစား ဖြေဖျော်မည် ဖြစ်သည်။
ယခုနှစ်ပွဲတော်သို့ နယ်ဝေးအသင်း ၁၈၇ သင်းလာရောက်ပါဝင် ခတ်ကစားပြီး၊ ဂျပန်၊ အမေရိကန်၊ ထိုင်း၊ ကနေဒါ နိုင်ငံများမှာ မြန်မာ့ခြင်းပညာ ဝါသနာရှင် အသင်းများပါ လာရောက်ပါဝင် ခတ်ကစားကြကြောင်း CJMyanmar မှ သတင်းရရှိသည်။

No comments:
Post a Comment