မန္တလေး ဇူလိုင်လ (၆)ရက်၊
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)၏ အထူးသံတမန် ဖြစ်သူ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် ကွန်ဖူးမင်းသား ဂျက်ကီချန်း သည် ယနေ့နံနက်ပိုင်းက မန္တလေး တောင် မြောက်ဘက် ဘုန်းတော်တိုးရပ်ရှိ လူမှုဝန်ထမ်းဦးစီး ဌာန ၏ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းသို့သွားရောက်ပြီး သင်တန်းသူများနှင့်တွေ့ဆုံအားပေးခဲ့သည်။ ထို့နောက် ဂျက်ကီချန်း သည် ၆၆ လမ်း ၊၃၀ နှင့် ၃၁ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တွင်ဖွင့်လှစ်ထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး ရုံးသို့သွားရောက်ကာ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနောက် ယမန်နေ့က မတွေ့ဆုံနိုင်ခဲ့သော မန္တလေးမြို့ ၆၂ လမ်း နှင့် လမ်း ၃၀ ထောင့်ရှိ မိဘမဲ့ကျောင်း Myanmar Buddhist Orphanage Association (MBOA)၊ ငါးစို့တိုက်ကျောင်းသို့ ရောက်ရှိကာ ကျောင်းသားများကိုတွေ့ဆုံ အားပေးခဲ့ကြောင်းသိရှိရသည်။
No comments:
Post a Comment