CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, July 21, 2012

မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်စိမ်း/ ကျောက်မျက် ပရဟိတလူမှုစီးပွားကူညီရေးကော်မတီ မှ ရခိုင်ဒေသရှိ ဒုက္ခရောက်နေသော ပြည်သူများအတွက် အလှူငွေလှူဒါန်း

သတင်း -  CJM-1717
မန္တလေး ၊ ဇူလိုင်လ (၁၂) ရက်


မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်စိမ်း/
ကျောက်မျက် ပရဟိတလူမှုစီးပွားကူညီရေးကော်မတီ မှ ရခိုင်ဒေသရှိ ဒုက္ခရောက်နေသော ပြည်သူများအတွက် အလှူငွေ ကောက်ခံရရှိငွေ (၇၀၀၀၀၀၀) ကျပ်ကှို
ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းများသို့ ဇူလိုင်လ(၅)ရက်နေ့ မှ ဇူလိုင်လ(၈)ရက်နေ့ အထိ ရခိုင်ဒေသသို့ သွားရောက်၍ အလှုငွေများ သွားရောက်လှူဒါန်းခဲ့သည်။

ရခိုင်ဒေသသို့ သွားရောက်လှူဒါန်းခဲ့သော နေရာများမှာ -
(၁) ကယ်ဆယ်ရေးစခန်း (၉)ခု တွင် နေထိုင်ကြသော မီးဘေးသင့်အိမ်ထောင်စု (၂၃၂)စုအတွက် အိမ်ထောင်စု (၁)စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ၄၆၄၀၀၀၀ ကျပ်။
(၂) ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စု (၄၀)အတွက် အိမ်ထောင်စု (၁)စုလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ၄၀၀၀၀၀ ကျပ်။
(၃) မီးသင့်ဘုန်းကြီးကျောင်း (၂)ကျောင်းအတွက် ၁၀၀၀၀၀ကျပ် နှုန်းဖြင့် ၂၀၀၀၀၀ ကျပ်။
(၄) ကယ်ဆယ်ရေးစခန်းဖွင့်ထားသော ဘုန်းကြီးကျောင်း(၅)ကျောင်းအတွက် ၂၆၀၀၀၀ ကျပ်။
(၅) ကယ်ဆယ်ရေးစခန်း (၅)ခုအတွက် လိုအပ်ချက်များသုံးရန်အတွက် ၁၃၃၀၀၀၀ ကျပ်။
(၆) ကင်းစခန်း(၁)ခုအတွက် ဓာတ်မီးတစ်လက် ၅၀၀၀ကျပ် နှုန်းဖြင့် ဓာတ်မီး (၁၄)လက်အတွက် ၇၀၀၀၀ ကျပ်။
(၇) ကျန်းမာရေးထောက်ပံ့ငွေ (၃)ဦးအတွက် ၄၀၀၀၀ ကျပ်။

စုစုပေါင်း ၆၉၄၀၀၀၀ ကျပ် ကို ရခိုင်ပြည်နယ် လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောင်ရေးအတွက် သက်ဆိုင်ရာကယ်ဆယ်ရေးစခန်းများသို့
မဟာအောင်မြေ ကျောက်စိမ်း/ကျောက်မျက် ပရဟိတလူမှုစီးပွားကူညီရေးကော်မတီ ဥက္ကဌ ဦးစိန်ဝင်း နှင့် ပြန်ကြားရေး ကိုညိုလင်း တို့က ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းခဲ့သည် ဟု သတင်းရရှိပါသည်။

No comments:

Post a Comment