မြစ်သားမြို့၊ ဇူလိုင်လ (၂၅)ရက်
အစိုးရသစ်လက်ထက် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ဥပဒေ နည်းဥပဒေ များထွက်ရှိပြီးနောက် အထက်မြန်မာပြည်တွင် ပထမဦးဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်လူထုမှဆန္ဒဖော်ထုတ်ပွဲတစ်ခုကို ယနေ့ ဇူလိုင်(၂၅)ရက် နံနက် က ပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲသို့ လူအင်အား (၁၀၀)ဦး ပါဝင်သော လူထုက တရားဝင် ခွင့်ပြုမိန့် ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပန်းလောင်မြစ်ပေါ်တွင် တည်ဆောက်ဖွင့်လှစ်လိုက်သော စမာ ရေလွှဲဆည်ကြောင့် ရေကြီး ရေလျှံ မှု များ အဖြစ်များလာကြောင်း၊ စမာ ရေလွှဲဆည် အနေဖြင့် မြစ်သားမြို့နယ် လူထု အကျိုး ထက် ဆိုးကျိုးအပစ်ကို ပိုမိုရရှိ စေသည် ဟု ယုံကြည်သောကြောင့် ယခုလို ဆန္ဒ ဖော်ထုတ်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒ ဖေါ်ထုတ်ပွဲမှ လူထုက CJ Myanmar သို့ပြောကြားသည်။
No comments:
Post a Comment