(Sunday, July 1 , 2012)
မန္တလေး၊ ဇူလိုင်လ(၁)ရက်၊ ညနေ(၄နာရီ၅၀မိနစ်) တွင် သိပ္ပံလမ်း နှင့် ၆၂
လမ်းထောင့် တွင် ယာဉ်တိုက်မှုဖြစ်ပွား၊ ဖြစ်စဉ်မှာ လ/၂၂၄၇ ''ပြည်သာအောင်''
သယ်ယူပို့ဆောင်ရေးအသင်း၊ ကား သည် မီးပွိုင့်ကို အနောက်မှ အရှေ့သို့
မီးပွိုင့် နီ နေသည်ကိုအရှိန်ပြင်း ဖြတ်မောင်းရာ
မီးစိမ်းဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်အား ရှောင်တိမ်းလိုက်ရာ
အရှိန်မထိန်းနိုင်ပဲ မျက်နှာချင်းဆိုင် ယာဉ်ကြော သိပ္ပံလမ်းအတိုင်း အရှေ့
မှအနောက်သို့ မောင်းလာသော ဆိုင်ကယ်အားတိုက်မိပြီး ဆိုင်ကယ်မောင်းသူမှာ
သတိမေ့နေကြောင်းသိရသည်။ သတိမေ့နေသူ ၁ဦး နှင့် ဒဏ်ရာ ရရှိသူ ၁ ဦး
ရှိကြောင်းသတင်းရရှိသည်။
သတင်း & ဓါတ်ပုံ တမာပင်

No comments:
Post a Comment