CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Saturday, July 21, 2012

မန္တလေးတွင် ပိုင်ဆိုင်မှုအထောက်အထား ခိုင်လုံမှုမရှိသည့် လယ်မြေများကို အစိတ်စိတ်ပိုင်းကာ ရောင်းဝယ်နေ

သတင်း နှင့် ဓာတ်ပုံ -  CJM-1717
မန္တလေး ၊ ဇူလိုင်လ (၁၇) ရက်








မန္တလေးမြို့ မြေဈေးကွက်တွင် ပိုင်ဆိုင်မှုအထောက်အထား စာရွက် စာတမ်း ခိုင်လုံမှုမရှိသည့် မြေဧကကွက်များကို  အစိတ်စိတ်ပိုင်းကာ အရောင်းအ၀ယ်စာချုပ်များဖြင့် ရောင်းချမှုများ ရှိနေကြောင်း သိရှိရသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ (ပိုင်)၊ (မမ)အကွက် အနောက်ဘက် (၄၉)လမ်း မှ အရှေ့ဘက် (၄၆)လမ်းကြား၊ (မမ)အကွက် မြောက်ဘက် မှ တောင်ဘက် သင်ပန်းကုန်း (မင်းကြီးရနောင်လမ်းအထိ) ဧကပေါင်း (၁၀၀)ကျော် လယ်ယာမြေများကို ရောင်းဝယ်ခြင်းများ ပြုလုပ်လျှက် ရှိသည်။

မြရည်နန္ဒာ၊ နွားခြံကုန်းနေ ဒေသခံတစ်ဦးက “ကျွန်တော်တို့ ဟိုဘက်ခြမ်း မှာ နေတာ (၁၂) နှစ်၊ ဒီ ခု နွားခြံကုန်း မှာ နေတာ (၆)နှစ် စုစုပေါင်း (၁၈)နှစ်ကျော် ရှိပြီ ဒီမှာနေတာ၊ ကျွန်တော် နေတဲ့ နေရာရဲ့ ဘေးပတ်ဝန်းကျင် မှာ ၀ါးလုံးတွေတန်း၊ ပလတ်စတစ်ကြိုးတွေ တန်း ပြီး အကွက်ရိုက်ရောင်းနေတယ်၊ ကျွန်တော် ခု နေတဲ့ နေရာကို တော့ ခုချိန်ထိ ဘယ်သူမှ လာမပြောသေးဘူး၊ ကျွန်တော်တို့လဲ ကျူး ပါပဲ၊ ခု ဒီဘက်တွေ အရောင်းဝယ်တွေ ဖြစ်တာ (၁)ကျော်လောက်တော့ရှိပြီ၊ ဒီခု တောင်ဘက် ခြမ်းနဲ့ မြောက်ဘက် ခြမ်း ကို လူတစ်ချိ့က လယ်သမားတွေဆီကနေ ဧက အပြတ်ဝယ်ပြီး အကွက်ရိုက်ရောင်းတယ်လို့ပဲ ကြားတယ်၊ ဒီနားလေးက အကွက်အ၀ယ်လာတုန်းက စာချုပ်ချုပ်တော့ သူတို့ကိုယ်တိုင် လက်မှတ်ထိုး နဲ့ ရောင်းတာကို မြင်လိုက်ရတယ်၊ ဟိုတစ်လောကတောင် ရုတ်ရုတ်ဖြစ်သွားသေးတယ်၊ ဘာလဲဆိုတော့ ကျူးထဲက လူတွေစုပြီး မင်းတို့အကွက်ရိုက်ရောင်းနေတာတွေ မလုပ်ပါနဲ့လို့ ရောင်းနေတဲ့ သူတွေကို သွားပြောသေးတယ်'' ဟု ဒေသခံတစ်ဦးမှ ပြောပါတယ်။

''အိမ်၊ ခြံ ၊ မြေ ရောင်းဝယ်ရေး နှင့် အကျိုးဆောင်လုပ်ငန်း တစ်ခုမှ “ခု ဒီလိုမျိုးမြေတွေဝယ်တာ အန္တရာယ်ရှိနိုင်တယ်၊ တရားမ၀င် အကွက်တွေပေါ့ဗျာ၊ ၀ယ်မိရင်တော့ ဆုံးရှုံးနစ်နာသွားနိုင်တယ်၊ မ၀ယ်ဖို့ အကြံပြုချင်ပါတယ်၊ ကျွန်တော်တို့ အရောင်းဝယ်လုပ်နေတာကတော့ တရားဝင်၊ အမည်ပေါက်၊ စလစ်ပေါက်၊ ဂရန်ပေါက်တွေ ပဲ အရောင်းဝယ်လုပ်တယ်'' ဟု သုံးသပ်ပြောကြားသည်။

ထိုအကွက်များကို အရောင်းဝယ်လုပ်နေသော ပွဲစားတစ်ဦး မှ  “ကျွန်တော်တို့ စာချုပ် စာတမ်းချုပ်ပေးတယ်၊ လက်ဗွေထိုးပြီး ချုပ်တယ်၊ ခုလို ဈေးတွေ မလှုပ်ခင်က (ပေ၄၀ ၊ ပေ၃၀) အကွက်တွေကို (၈)သိန်းလောက်နဲ့ရောင်းတာ၊ ခုကတော့ (ပေ၄၀ ၊ ပေ၃၀) အကွက်တွေ က (၁၅)သိန်းလောက်ရှိပြီ၊ လာရောက်အကွက်ကြည့်သူတွေလဲ များတယ်၊ ၀ယ်တဲ့လူလဲဝယ်တယ်၊ သင်ပန်းကုန်း (မင်းကြီးရနောင်လမ်း) ပေါ်တင် (ပေ၄၀ ၊ ပေ၁၀၀) တွေဆိုရင် သိန်း(၁၈၀)လောက်ပေါက်တယ်၊ ပေါက်ပင်သင်္ချိုင်းဘက် မှာ (ပေ၄၀ ၊ ပေ၃၀) ဆိုရင် (၁၅)သိန်း ၊ သိန်း(၂၀) ရှိတယ်'' ဟုဆိုသည်။ ယခုကဲ့သို့ လယ်ယာမြေများကို ရောင်းချနေမှုကို မြရည်နန္ဒာ လယ်ယာမြေများတွင်သာမက ကံကြီးကုန်းဘက်တွင်လည်း ရောင်းချနေမှုများ ရှိကြောင်း၊ မြို့မြေ၊ ရွာမြေ လန(၃၉)အရ ခွင့်ပြုထားတဲ့ မြေမှအပ လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေအပါအ၀င် စိုက်ပျိုးနိုင်သည့် မြေများကို ခြံကွက်ရိုက်ရောင်းချခြင်းအား မြေယာဥပဒေဖြင့် တရားစွဲ အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ထားပြီးဖြစ်ကြောင်း CJMyanmar မှ သတင်းရရှိသည်။

No comments:

Post a Comment