မန္တလေး ၊ ဇူလိုင်လ (၁၀) ရက်
မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များအစည်းအရုံးဗဟို သဘင်ကြီးကြပ်မှု ကော်မတီမှဦးဆောင်ကာ
ဇာတ်မင်းသားများ အနုပညာလုပ်သားများမှ ကချင်ဒေသနှင့် ရခိုင်ဒေသရှိအတိဒုက္ခရောက်လျက်
ရှိသောပြည်သူများကိုကူညီနိုင်ရန်မန္တလေးမြို့ တွင်းသို့ လှည့် လည်ပြီး အလှူငွေများကောက်ခံပေးလျက်ရှိကြောင်း
CJMyanmar မှသိရှိရသည်။
၁၀.၇.၂၀၁၂ ရက်နေ့ မှ ၁၂.၇.၂၀၁၂ နေ့ အထိ ၃ ရက်အလှူခံထွက်မည်ဖြစ်ကြောင်း၊မန္တလေးမြို့ တွင်လူသိများသော
ဇာတ်မင်းသားများဖြစ်သော ဝင်းနောင်၊လှိုင်ဘွားအောင် ဝေယံဦး အစရှိသူတို့အပါအဝင်အခြားဇာတ်မင်းသားများမှ ကိုယ်တိုင်ကိုယ်ကျအလှူခံပေးမည်
ဖြစ်ကြောင်းလည်းသိရှိရပါသည်။
No comments:
Post a Comment