CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Thursday, July 26, 2012

မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်း၏ (၁၀၆)ကြိမ်မြောက် နယုန်လစာအောင် ဘွဲ့နှင်းသဘင်အခမ်းအနား

သတင်း နှင့် ဓာတ်ပုံ -  CJM013
မန္တလေး ၊ ဇူလိုင်လ (၂၆) ရက်






(ဧည့်ခံကျွေးမွေးသည့်နေရာ)

(ဧည့်ခံကျွေးမွေးသည့်နေရာ)

(အခမ်းအနားမကျင်းပမီပုံ)





မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်း၏ (၁၀၆)ကြိမ်မြောက် နယုန်လစာအောင် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၆.၇.၂၀၁၂နေ့လယ်၁၂နာရီအချိန်တွင် ကျင်းပကြောင်းသိရှိရပါသည်။ အောင်မြင်ရန်ခက်ခဲသော စာမေးပွဲဖြစ်ကြောင်းသိရှိရပြီး ယခုနှစ်တွင် သီးခြားစာချတန်းကျမ်းအပြည့်အောင်(၅)ပါးနှင့် သီးခြားစာသင်တန်းအောင်(၄)ပါး စုစုပေါင်း(၉)ပါးအောင်မြင်တော်မူသဖြင့် စာအောင်ဘွဲ့လက်မှတ်နှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းကြပါသည်။ ရပ်ကွက်အသီးသီး အသင်းအဖွဲ့အသီးသီးမှ ပဒေသာပင်များကပ်လှူခြင်း၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များကို အကျွေးအမွေးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

No comments:

Post a Comment