CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, July 30, 2012

တို့.....ရင်ထဲကမန္တလေး ဓာတ်ပုံပြိုင်ပွဲ ဆုရဓာတ်ပုံများ

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ ဂျူလိုင်လ (၃၀)ရက်


Naing Group နှင့် အထက်မြန်မာပြည်ဓာတ်ပုံအသင်း(မန္တလေး) တို့ ပူးပေါင်းကျင်းပသော တို့......ရင်ထဲကမန္တလေး ဓာတ်ပုံပြိုင်ပွဲ ကို မြန်မာတစ်နိုင်ငံလုံးမှ ဓာတ်ပုံပညာရှင်(၂၀၂)ဦးက ဓာတ်ပုံပေါင်း(၇၆၂)ပုံ ပေးပို့ယှဉ်ပြိုင်ခဲ့ရာ၊ အဆိုပါပြိုင်ပွဲဝင်ပုံများအား အကဲဖြတ် ဒိုင်(၇)ဦးပါဝင် သောဆုရွေးချယ်ရေးအဖွဲ့က ဇူလိုင်(၂၈)ရက် စနေနေ့က မန္တလေးမြို့ ၇၈ လမ်း ရှိ Naing Group အဆောက်အအုံမှာ ရွေးချယ်ခဲ့ပြီး၊ ယနေ့ ဇူလိုင်(၃၀)ရက်နေ့မှာ အထက်မြန်မာပြည်ဓာတ်ပုံအသင်း(မန္တလေး) က ဆုရဓာတ်ပုံများအား ပြိုင်ပွဲဝင်စည်းကမ်းနှင့်ညီညွတ်ခြင်းရှိမရှိ စိစစ်ကာ ဆုရ ဓာတ်ပုံပညာရှင်များအား အတည်ပြု ထုတ်ပြန်ကြေငြာသည်။ ပြိုင်ပွဲတွင်..................ပထမ-အောင်အောင်(နန်းရှေ့)၊ဒုတိယ-ထွန်းထွန်းဝင်း(ချယ်ရီဝင်း)၊ တတိယ-ထက်ဦးဇော်(စိုင်ပြွန်)၊နှစ်သိမ့်(၁)-ညီညီ(စမိုင်း)၊နှစ်သိမ့်(၂)-ဘာမျူဒါသက်နိုင်၊ နှစ်သိမ့်(၃)-ကျော်ဝင်းလှိုင်(ယဉ်ကျေးမှုတက္ကသိုလ်)၊နှစ်သိမ့်(၄)-ထက်ဦးဇော်(စိုင်ပြွန်)၊ နှစ်သိမ့်(၅)-ရဲလင်းထွန်း(လှသရဖူ)တို့က ရရှိကြပြီး၊ ဆုပေးပွဲကို သြဂုတ်လ(၄)ရက်နေ့ တွင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment