(Tuesday, July 3, 2012 )
မန္တလေး ဇူလိုင် ၃ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း(မန္တလေးဇုံ)မှကြီးမှူးဖွင့်လှစ်သော ဧည့်လမ်းညွှန်အထောက်အကူပြုသင်တန်း
အမှတ်စဉ်(၁) မှ သင်တန်းသား သင်တန်းသူ(၈၀)ဦး နှင့် အဆိုပါအသင်း
တာဝန်ရှိသူ(၁၄)ဦး တို့သည် ယနေ့နံနက် (၆)နာရီ(၃၀)မိနစ်က
မန္တလေးမြို့မှမင်းကွန်းသို့ သွားရောက်ပြီး
မင်းကွန်းပုထိုးတော်ကြီး အနီးရှိ အဘယ ရွှေကူကျောင်းတွင် သစ်ပင်စိုက်ပွဲ
နှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲ ကိုကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းခရီးစဉ်တွင်
ဧည့်လမ်းညွှန်အထောက်အကူပြု သင်တန်းသား သင်တန်းသူများအား ဧည့်လမ်းညွှန် ဆရာ
ဆရာမ များက မင်းကွန်းဒေသတစ်ဝိုက် လက်တွေ့ကွင်းဆင်းလေ့လာစေပြီး ဧည့်လမ်းညွှန်များသိသင့်သိထိုက်သည်များကို တစ်ပါတည်း သင်ကြားပြသပေးခဲ့ကြောင်း သိရှိရပါသည်။ ဒီသင်တန်းဟာ ကျွန်တော်တို့ မန္တလေးဇုံ မှာ ပထမဦးဆုံးအကြိမ်ဖွင့်လှစ်တာပါ၊ ယခုနှစ် ဇွန်လ(၆)ရက် က စတင်ဖွင့်ခဲ့ပြီး သင်တန်းကာလ(၂)လ ကြာမြင့်ပါမယ်၊နောင်မှာလည်း
ဧည့်လမ်းညွှန်လုပ်ငန်းကို ဝါသနာပါသူတွေအတွက်ရော၊ လက်ရှိ
ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်နေသူတွေအတွက်ပါ အကျိုးရှိစေမယ့် သင်တန်းတွေ
ထပ်ပြီးဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိ ပါတယ် ဟု အဆိုပါအသင်း မှ
ပြန်ကြားရေးကော်မတီဝင် တစ်ဦး က CJ Myanmar ကိုပြောကြားပါသည်။ ယခု
ခရီးစဉ်ကို မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း(မန္တလေးဇုံ) မှ ပညာရေးကော်မတီ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ ရးကော်မတီ တို့ကစီစဉ်ခြင်းဖြစ်ပြီး ယခုနှစ် သြဂုတ်လ မှစတင်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းအ ရေး
အတွက် ရည်ရွယ်ပြီး ဧရာဝတီမြစ်အတွင်း သွားလာနေသော ပြည်တွင်းရေကြောင်း
သင်္ဘောများတွင် ပလတ်စတစ်အမှိုက်များ စွန့်ပစ်ရန် အမှိုက်ပုံးများထားရှိပေးပြီး
အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး စေတနာ့ဝန်ထမ်း လိုက်လံနှိုးဆော်
ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အဆိုပါ အသင်းတာဝန်ရှိသူ တစ်ဦးက CJ Myanmar
သို့ပြောကြားသည်။





No comments:
Post a Comment